Skip to playerSkip to main content
  • 7 years ago
လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ပြီးစီးပါက နေ့စဉ်ရေဂါလံ သန်း၄၀ ပေးဝေနိုင်မည်
****************
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းပြီးစီးပါက နေ့စဉ်ရေဂါလံ သန်း၄၀ကို ရန်ကုန်မြို့နေပြည်သူလူထုထံသို့ ပေးဝေ နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ရေနှင့် သန့်ရှင်းမှု) အင်ဂျင်နီယာဌာနမှ ဒုတိယဌာနမှူး ဦးမြင့်ဇော်သန်း ကပြောသည်။

"ကျွန်တော်တို့ စီမံကန်းအားလုံးပြီးမှာကတော့ ၂၀၂၂ခုနှစ် အောက်တိုဘာလဖြစ်ပါတယ်။ ဒီရေသန့်စင်စက်ရုံရဲ့ ပေးဝေနိုင်တဲ့ Capacity ကတော့ နေ့စဉ် ဂါလန် သန်း ၄၀ ဖြစ်ပါတယ်။ Target ဧရိယာကတော့ ကျွန်တော်တို့ ရေပေးဝေရေး ဇုန် ၇နဲ့ ဇုန်၈၊ ဒဂုံမြို့သစ်လေးမြို့နယ် ဖြစ်ပါတယ်။ နောက် သီလ၀ါ SEZ တို့ကို ပေးဝေသွားမှာ ဖြစ်ပါတယ်" ဟု ဦးမြင့်ဇော်သန်း ကပြောသည်။

ရိုက်ကူး/တည်းဖြတ်-မိုးမြင့်ဇော်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54236

Category

🗞
News
Comments

Recommended