Skip to playerSkip to main contentSkip to footer
  • 7 years ago
သရုပ်ဆောင်ဝေဠုကျော်အား အချုပ်လွတ်အာမခံပေးလိုက်သည့်အပေါ် တရားလို အလှမယ်သင်းသင်း၏ ပြောဆိုချက်
******************
ကာမလိမ်လည်မှုဖြင့် တရားစွဲခံထားရသူ သရုပ်ဆောင်ဝေဠုကျော်ကို သင်္ဃန်းကျွန်းမြို့နယ်တရားသူကြီးက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျပ်သိန်း ၅ဝ ခံဝန်သူနှစ်ဦးဖြင့် အချုပ်လွတ်အာမခံပေးလိုက်သည်။

ဝေဠုကျော်နှင့် ယခင်က ချစ်သူရည်စားဖြစ်ဖူးခဲ့သူ အလှမယ် သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည်ရယူခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၁၇ (ကာမလိမ်လည်မှု)ဖြင့် ဇန်နဝါရီလ ၈ ရက်နေ့တွင် တရားရုံး ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝေဠုကျော်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ ပထမဆုံးလာရောက် အစစ်ဆေးခံယူခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Category

🗞
News

Recommended