Skip to playerSkip to main content
  • 7 years ago
တရားရုံး အမိန့်အရ မင်္ဂလာတောင်ညွှန့်မြို့နယ်က နေအိမ်ဖယ်ရှားမှု ကျပ်သိန်း ၇၅၀ ဖြင့် ဖြေရှင်းပြီးစီး
=============
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်နောက်ရပ်ကွက်၊ လမ်း ၉ဝ မှာရှိတဲ့ အိမ်အမှတ် ၂ဝ က နေအိမ်ပိုင် ဆိုင်နဲ့ အမှုအခင်းဖြစ်ပွားနေပြီး ဥပဒေကြောင်းအရ နေအိမ်ကနေ နှင်ချဖို့အတွက် တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ တာကြောင့် ဒီဇင်ဘာလ ၁၄ ရက်၊ မနက်ပိုင်းမှာ တရားရေးက တာဝန်ရှိသူတွေ အဲ့ဒီနေအိမ်မှာ နေထိုင်တဲ့ သူတွေကို ဖယ်ရှားခဲ့ပါတယ်။

ဒီလိုဖယ်ရှားခဲ့ရာမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ညှိနှိုင်းပေးမှုအရ အိမ်အမှတ် ၂ဝ မှာနေထိုင်သူတွေနဲ့ လေလံအောင်ထားသူတို့အကြား ညှိနှိုင်းဖြေရှင်းမှုများပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာတော့ လေလံအောင်ထားသူက ဖယ်ရှားခံရသူတွေရဲ့ နေအိမ်တိုက်ခန်းကို ကျပ်သိန်း ၇၅ဝ နဲ့ ဝယ်ယူခဲ့တဲ့အတွက် လက်ရှိမှာတော့ နှစ်ဦးနှစ်ဖက် ပြဿနာဖြေရှင်းပြီးဖြစ်ပါတယ်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Category

🗞
News
Comments

Recommended