Skip to playerSkip to main content
  • 7 years ago
ဒေါ်အောင်ဆန်းစုကြည် အမွေဆိုင်အိမ်အမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ရောက် (ရုပ်/ သံ)

ဧရာဝတီ ၊ အောက်တိုဘာ ၁၇ ၊ ၂၀၁၈

ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ အမွေဆိုင်အိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အပေါ် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးက ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဦးအောင်ဆန်းဦးက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို အယူခံလျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဦးအောင်ဆန်းဦးအနေနဲ့ လက်ရှိ အိမ်ခြံမြေကို လေလံပစ်ပြီး ရရှိတဲ့ တန်ဖိုးကို တယောက်တဝက် ခွဲဝေလိုတာဖြစ်ပြီး တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ၂ထပ် အိမ်ပါတဲ့ မြေအခြမ်းကို ယူဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် အယူခံဝင်တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကစတင်ပြီး အိမ်ပိုင်ဆိုင်မှု အငြင်းပွားခဲ့တာပါ။ အဲ့ဒီနေအိမ်ဟာ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ် ကလေးဘဝထဲကနေထိုင်ခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာ မိခင်ဒေါ်ခင်ကြည် ကျန်းမာရေး မကောင်းချိန် ပြန်လာပြီးနောက် အခုအချိန်ထိ နေထိုင်လျှက်ရှိနေဆဲဖြစ်ပါတယ်။

ရိုက်ကူး - မိုးမိုး

Category

😹
Fun
Comments

Recommended