Skip to playerSkip to main content
  • 7 years ago
မကူးစက်နိုင်တဲ့ရောဂါဖြစ်ပွားမှုတွေကို စစ်တမ်းကောက်မယ်

အောက်တိုဘာ-၁၄၊၂၀၁၈

မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုနဲ့ ရောဂါဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကို ဆန်းစစ်လေ့လာ မယ့်စစ်တမ်းကို လာမယ့်နှစ်မှာ ကောက်ယူသွားမယ်လို့ သတင်းရရှိပါတယ်။

ဆီးချို၊ သွေးတိုးစတဲ့ မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုအခြေအနေနဲ့ ရောဂါ ဖြစ်ပွားစေသော အကြောင်း အရင်းတွေကိုမေးမြန်းပြီး စစ်တမ်းကောက်ယူမှာပါ။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်မှာရှိတဲ့ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာန ခွဲကနေဦးစီးပြီး စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်။

ဒီစစ်တမ်းကို ၂၀၁၄ခုနှစ်က ပထမအကြိမ်ကောက်ယူခဲ့ပြီးတဲ့နောက် ငါးနှစ်အကြာမှာ လူဦးရေများပြား
လာတာကြောင့် ပြန်လည်ကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ယူမယ့်လုပ်ငန်းတွေကို ၂၀၁၉ခုနှစ် လေးလပိုင်းမှာစတင်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ အပြီး သတ်ဖို့လျာထားတယ်လို့ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောပါတယ်။

စစ်တမ်းကောက်ယူရာမှာ အသက်အပိုင်းအခြားအနေနဲ့ အသက် ၂၅ နှစ်မှ ၆၄ နှစ်ကြား အရွယ်တွေကို ကောက်ယူသွားမှာဖြစ်ပြီး နေရာဒေသအနှံ့ကောက်ယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

၂၀၁၄ခုနှစ်က ကောက်ယူထားတဲ့စစ်တမ်းလူဦးရေအရ လူတစ်ရာမှာ ဆယ်ဦးနှုန်း ဆီးချိုရောဂါရှိနေပြီး စစ်တမ်းလူဦးရေရဲ့ လေးပုံတစ်ပုံမှာ သွေးတိုးရောဂါရှိနေတယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

😹
Fun
Comments

Recommended