Skip to playerSkip to main content
  • 8 years ago
အခ်စ္ရို႕မန္႔ရုပ္ရွင္အျဖစ္ ပရိသတ္ေတြၾကည့္ရႈရမယ့္ “အေဝးခ်စ္”

ေအာက္တုိဘာ - ၈ ၊၂၀၁၈

အေဝးေရာက္ခ်စ္သူႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို အေျခတည္ရိုက္ကူးထားတာျဖစ္ျပီး အသက္ရွစ္ႏွစ္ကြာတဲ့ မနဲ႔ေမာင္ရဲ႕ အခ်စ္ရို႕မန္႔ရုပ္ရွင္ကို ေအာက္တိုဘာ ၁၂ ရက္ေန႔မွာ ရံုတင္ျပသေတာ့မွာျဖစ္ပါတယ္။

ဒီရုပ္ရွင္မွာ အသက္ ၃၃ႏွစ္အရြယ္ရွိတဲ့ ထက္ျမတ္တဲ့ ရန္ကုန္သူအပိ်ဳၾကီးမမနဲ႔ ရွစ္ႏွစ္ကြာတဲ့ ပုပၸါးသားတုိ႔ရဲ႕အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို ဘယ္လိုပံုစံမ်ိဳးနဲ႔ ခ်စ္စရာေကာင္းစြာ ရို္က္ကူးပံုေဖာ္မလဲဆိုတာ စိတ္ဝင္စားစရာပါ။

ဒါရိုက္တာ ကိုေဇာ္ (အရုဏ္ဦး)ရိုက္ကူးထားတဲ့ “အေဝးခ်စ္”ရုပ္ရွင္ဇာတ္ကားထဲမွာ သရုပ္ေဆာင္ေအာင္ရဲလင္း၊ အကယ္ဒမီသက္မြန္ျမင့္တို႔က အဓိကပါဝင္သရုပ္ေဆာင္ထားျပီး တျခားအႏုပညာရွင္မ်ားစြာ ပါဝင္ထားတာပါ။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

အချစ်ရို့မန့်ရုပ်ရှင်အဖြစ် ပရိသတ်တွေကြည့်ရှုရမယ့် “အဝေးချစ်”

အောက်တိုဘာ - ၈ ၊၂၀၁၈

အဝေးရောက်ချစ်သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး အသက်ရှစ်နှစ်ကွာတဲ့ မနဲ့မောင်ရဲ့ အချစ်ရို့မန့်ရုပ်ရှင်ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ အသက် ၃၃နှစ်အရွယ်ရှိတဲ့ ထက်မြတ်တဲ့ ရန်ကုန်သူအပျိုကြီးမမနဲ့ ရှစ်နှစ်ကွာတဲ့ ပုပ္ပါးသားတို့ရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဘယ်လိုပုံစံမျိုးနဲ့ ချစ်စရာကောင်းစွာ ရိုက်ကူးပုံဖော်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရိုက်ကူးထားတဲ့ “အဝေးချစ်”ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်အောင်ရဲလင်း၊ အကယ်ဒမီသက်မွန်မြင့်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင်များစွာ ပါဝင်ထားတာပါ။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🎈
Fun
Comments

Recommended