မြောက်အမေရိက Box Office စာရင်းမှာ ဆက်လက် ဦးဆောင်နေတဲ့ Crazy Rich Asiansစက်တင်ဘာ-၃၊၂၀၁၈Crazy Rich Asians ဇာတ်ကားဟာ မြောက်အမေရိကရဲ့ တစ်ပတ်တာ ရုံဝင်ကြေး အမြင်
  • 6 years ago
မြောက်အမေရိက Box Office စာရင်းမှာ ဆက်လက် ဦးဆောင်နေတဲ့ Crazy Rich Asians

စက်တင်ဘာ-၃၊၂၀၁၈

Crazy Rich Asians ဇာတ်ကားဟာ မြောက်အမေရိကရဲ့ တစ်ပတ်တာ ရုံဝင်ကြေး အမြင့်ဆုံး ရုပ်ရှင်တွေစာရင်း Box Officeမှာ ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။

ဩဂုတ် ၁၅ ရက်ကတည်းက ရုံတင်ထားတဲ့တိုင် Warner Brothersက ရိုက်ကူး ထုတ်လုပ်တဲ့ ရုပ်ရှင်ဟာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး Box Officeရဲ့ ထိပ်ဆုံးနေရာမှာ ဆက်မြဲနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း ဒီဇာတ်ကားဟာ ဒေါ်လာ ၂၂.၂ သန်းလောက် ရုံဝင်ကြေး ထပ်ရခဲ့တယ်လို့ ဆိုပါတယ်။

ချမ်းသာကြွယ်ဝတဲ့ အာရှ တိုက်သားတွေရဲ့ လူနေမှု စနစ်ကို အခြေခံ ပုံဖော်ထားတဲ့ ဇာတ်ကား အောင်မြင်နေခြင်းက အချစ်ဇာတ်မြူး ရုပ်ရှင်တွေ ခေတ်မကုန်သေးဘူး ဆိုတာကို မြင်သာစေခဲ့တယ်လို့ ရုပ်ရှင် ဝေဖန်ရေးသမားတွေက ချီးကျူးကြပါတယ်။

အခုဆိုရင် Crazy Rich Asiansရဲ့ Box Office ဝင်ကြေးဟာ ဒေါ်လာ သန်းပေါင်း ၁၁၀ ကျော်လောက်ထိ ရောက်ရှိလာပါပြီ။ Box Officeရဲ့ ပြီးခဲ့တဲ့ တစ်ပတ်တာ စာရင်းမှာ ကမ္ဘာဦးခေတ် ငါးမန်းကြီး တစ်ကောင်နဲ့ လူသားတွေရဲ့ ပဋိပက္ခအကြောင်း စိတ်ကူးယဉ် ပုံဖော်ထားတဲ့ The Megက ဒေါ်လာ ၁၀.၅ သန်းနဲ့ ဒုတိယ နေရာကို ရောက်နေပါတယ်။ မင်းသား တွမ်ခရုစ် ဦးဆောင်ပါဝင်တဲ့ Mission Impossible: Falloutကတော့ ရုံဝင်ကြေး ဒေါ်လာ ၇ သန်းနဲ့ တတိယ နေရာက ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
Recommended