Skip to playerSkip to main content
  • 8 years ago
ပါလက်စတိုင်း လူငယ် စုံတွဲတွေ ရာနဲ့ချီ စုပေါင်းလက်ထပ်ပွဲ ကျင်းပ

သြဂုတ်-၂၀၊၂၀၁၈

ပါလက်စတိုင်းမှာ လူငယ် စုံတွဲပေါင်း ရာနဲ့ချီ စုပေါင်းပြီး ရိုးရာ အစဉ်အလာအတိုင်း ထိမ်းမြား လက်ထပ်တဲ့ အစီအစဉ်တစ်ရပ် ကျင်းပခဲ့ပါတယ်။

ဩဂုတ် ၁၈ ရက်က ရာမယ်လာ လက်ထပ်ပွဲ အစီအစဉ်ကို ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်ကိုယ်တိုင် တက်ရောက် ချီးမြှင့် ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ သတို့သမီး ၅၀၀ လောက်ဟာ ရိုးရာ မင်္ဂလာ ဝတ်စုံတွေကို ဆင်မြန်းထားပြီး သတို့သားတွေကတော့ အနက်ရောင် အနောက်တိုင်းဝတ်စုံ၊ အနီရောင် လည်စည်းတွေကို တူတူညီညီ ဝတ်ဆင်ထားကြပါတယ်။

သမ္မတ အာဘက်စ်ဟာ လူငယ် စုံတွဲတွေရဲ့ စုပေါင်း မင်္ဂလာပွဲကို ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့တဲ့အပြင် ငွေရေးကြေးရေး ကူညီ ထောက်ပံ့မှုတွေပါ လက်ဖွဲ့ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ရာမယ်လာ ရိုးရာ စုပေါင်းလက်ထပ်ပွဲ အခမ်းအနားမှာ ပါလက်စတိုင်း အဆိုတော်တွေကလည်း ကူညီ ဖျော်ဖြေပေးခဲ့ပြီး ဇနီးမောင်နှံ အသစ်ကျပ်ချွတ်တွေနဲ့ မိသားစုဝင်တွေက ပျော်ပျော်ရွှင်ရွှင် စုပေါင်း ကခုန်နေခဲ့ကြပါတယ်။

စုပေါင်း လက်ထပ်ပွဲမှာ ကောင်းချီးပေးခဲ့တဲ့ ဘာသာရေးခေါင်းဆောင် ဂျာမဲလ် အယ်လ် မူစီနီက ပါလက်စတိုင်းဟာ အစ္စရေးနဲ့ နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့တိုင် လူငယ်တွေရဲ့ အိပ်မက်တွေကို ကူညီ ထူထောင်ပေးဖို့ ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

Category

😹
Fun
Comments

Recommended