အိုးအိမ်ဌာနပိုင် တိုက်ခန်းအရေအတွက် ၆ ထောင် ဝန်းကျင် ရောင်းဖို့ကျန်သေးဇူလိုင်-၂၂၊၂၀၁၈မြို့ပြနဲ့အိုးအိမ်ဦးစီးဌာနပိုင် တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းအရေအတွ

  • 6 years ago
အိုးအိမ်ဌာနပိုင် တိုက်ခန်းအရေအတွက် ၆ ထောင် ဝန်းကျင် ရောင်းဖို့ကျန်သေး

ဇူလိုင်-၂၂၊၂၀၁၈

မြို့ပြနဲ့အိုးအိမ်ဦးစီးဌာနပိုင် တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းအရေအတွက် ၆ထောင်ဝန်းကျင် ရောင်းချဖို့ရှိသေးတယ်လို့ သတင်းရရှိပါတယ်။

အဲဒီ့တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းတွေက လက်ရှိမှာဆောက်လုပ်ဆဲဖြစ်ပြီး ၇၅ရာခိုင်နှုန်းလောက်တော့ပြီးစီးနေပြီလို့ ပြည်သူ့အိမ်ယာရောင်းချရေးကော်မတီဝင် ဦးညီညီကပြောပါတယ်။

အခုချိန်ထိ အိုးအိမ်ဌာနပိုင် တိုက်ခန်းပေါင်းတစ်ထောင်ကျော်ကို ရောင်းချပေးထားပြီး ယခုလ၂၅နဲ့၂၆ရက်တို့မှာ ဝယ်ယူခွင့်ရရှိသူတွေက နေထိုင်ရမယ့်တိုက်ခန်းအမျိုးအစားနဲ့နေရာကို မဲနှိုက်ရမှာဖြစ်ပါတယ်။

အဲဒီ့တိုက်ခန်းတွေဝယ်ယူခွင့်ရရှိဖို့ လူဦးရေ၆ထောင်ကျော်ကလျှောက်ထားခဲ့တာဖြစ်ပြီး အဲဒီ့ထဲကမှ မဲနှိုက်ရွေးချယ်ပေးတာဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာ ဝယ်ယူခွင့်မဲမပေါက်ဘဲ ကျန်ရှိခဲ့တဲ့သူတွေကိုလည်း တန်းစီဇယားနဲ့ထားရှိပြီး နောက်ထပ်ရောင်းချမယ့်တိုက်ခန်းတွေကိုဝယ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ဦးညီညီကပြောပါတယ်။

အဲဒီ့တိုက်ခန်းတွေက သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာမြို့နယ်တို့က တိုက်ခန်းတွေဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Recommended