Skip to playerSkip to main content
  • 8 years ago
လူရိုင္းအဝတ္အစားေတြနဲ႕ေဖ်ာ္ေျဖျပတဲ့ “ေဘာ္ေဘာ္ကေထွာ္”

ဇူလုိင္ - ၁၃၊၂၀၁၈

“ေဘာ္ေဘာ္ကေထွာ္” ရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ရံုတင္တဲ့ ပထမဆံုးေန႔မွာပဲ ဇာတ္ကားထဲမွာ ပါဝင္ၾကတဲ့ အႏုပညာရွင္မ်ားစြာက ပရိသတ္ေတြနဲ႔ သမၼတရုပ္ရွင္ရံုမွာ အမွတ္တရေတြ႔ဆံုခဲ့ၾကပါတယ္။

ေဘာ္ေဘာ္ကေထွာ္ ရုပ္ရွင္ဇာတ္ကားထဲက လူရိုင္းေတြရဲ႕ ဝတ္စားဆင္ယင္ပံုေတြနဲ႔ ကျပေဖ်ာ္ေနတာကို သမၼတရုပ္ရွင္ရံုထဲမွာ ေတြ႔ျမင္ရၿပီး ပရိသတ္ေတြက ရံုအျပည့္ေနရာယူကာ လက္မွတ္ထိုးပြဲကို လာေရာက္ခဲ့ၾကပါတယ္။

ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္ဟာ ဇာတ္လမ္းညီညီဘေမာင္ရဲ႕ စိတ္ကူးယဥ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္ၿပီး လူရိုင္းေတြသာ ၿမိဳ႕ေပၚကို တကယ္ေရာက္လာခဲ့မယ္ဆိုရင္ သူတို႔ရဲ႕လူေနမႈပံုစံေတြဟာ ဘယ္လိုကြဲထြက္ကုန္မလဲဆိုတာ ဖန္တီးရိုက္ကူးထားတာျဖစ္ပါတယ္။

ဒီကေန႔ လက္မွတ္ထုိးပြဲမွာေတာ့ ဒါရိုက္တာ ကိုေပါက္နဲ႔အတူ ဇာတ္ကားထဲမွာပါဝင္ၾကတဲ့ သရုပ္ေဆာင္ခင္လိႈ္င္၊ ဂ်ိဳကာ၊ ေရႊသမီး၊ ဆုအိမ္႔စံ၊ေညာင္ေညာင္တုိ႔က ပရိသတ္ေတြနဲ႔ အမွတ္တရေတြ႔ဆံုၿပီး လက္မွတ္ထိုးတာေတြ၊ ဓာတ္ပံုအတူရိုက္ကူးတာေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

#ေဘာ္ေဘာ္ကေထွာ္ #လူရိုင္း #သမၼတရုံ #7DAY TV

(Unicode)

လူရိုင်းအဝတ်အစားတွေနဲ့ဖျော်ဖြေပြတဲ့ “ဘော်ဘော်ကထှော်”

ဇူလိုင် - ၁၃၊၂၀၁၈

“ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုံတင်တဲ့ ပထမဆုံးနေ့မှာပဲ ဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ အနုပညာရှင်များစွာက ပရိသတ်တွေနဲ့ သမ္မတရုပ်ရှင်ရုံမှာ အမှတ်တရတွေ့ဆုံခဲ့ကြပါတယ်။

ဘော်ဘော်ကထှော် ရုပ်ရှင်ဇာတ်ကားထဲက လူရိုင်းတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေနဲ့ ကပြဖျော်နေတာကို သမ္မတရုပ်ရှင်ရုံထဲမှာ တွေ့မြင်ရပြီး ပရိသတ်တွေက ရုံအပြည့်နေရာယူကာ လက်မှတ်ထိုးပွဲကို လာရောက်ခဲ့ကြပါတယ်။

ဘော်ဘော်ကထှော်ရုပ်ရှင်ဟာ ဇာတ်လမ်းညီညီဘမောင်ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လူရိုင်းတွေသာ မြို့ပေါ်ကို တကယ်ရောက်လာခဲ့မယ်ဆိုရင် သူတို့ရဲ့လူနေမှုပုံစံတွေဟာ ဘယ်လိုကွဲထွက်ကုန်မလဲဆိုတာ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီကနေ့ လက်မှတ်ထိုးပွဲမှာတော့ ဒါရိုက်တာ ကိုပေါက်နဲ့အတူ ဇာတ်ကားထဲမှာပါဝင်ကြတဲ့ သရုပ်ဆောင်ခင်လှို်င်၊ ဂျိုကာ၊ ရွှေသမီး၊ ဆုအိမ့်စံ၊ညောင်ညောင်တို့က ပရိသတ်တွေနဲ့ အမှတ်တရတွေ့ဆုံပြီး လက်မှတ်ထိုးတာတွေ၊ ဓာတ်ပုံအတူရိုက်ကူးတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#ဘော်ဘော်ကထှော် #လူရိုင်း #သမ္မတရုံ #7DAY TV

Category

😹
Fun
Comments

Recommended