Skip to playerSkip to main contentSkip to footer
  • 7 years ago
ကိုငှက်(ခ)ထူးအိမ်သင် ၅၅ နှစ်မြောက်မွေးနေ့
------------------------
အမေ့အိမ်ပြန်ချင်တဲ့ ကိုငှက်(ခ)ထူးအိမ်သင် ၅၅ နှစ်မြောက်မွေးနေ့ အမှတ်တရပွဲ အား ပုသိမ်တက္ကသိုလ်တွင် ပုသိမ်တက္ကသိုလ်ကျောင်းသားများ ဦးစီးကျင်းပခဲ့သည်။

"ကျွန်တော် ဒီပွဲလေးလုပ်မယ်ဆိုလို့လာတာ ကျွန်တော် သူချစ်တဲ့ ဒီကလေးတွေ ဆိုတာကို နားထောင်ချင်တဲ့ သူ အနုပညာပေါ်ထားတဲ့ခံစားချက် ရှင်သန်စေချင်တယ်။ အဲဒါမို့ ဒီပွဲလေးကို လာခဲ့တာပါ” ဟု တေးရေး ဇော်မိုးသွင် က ပြောသည်။

အဆိုတော် ထူးအိမ်သင်ကို ၁၉၆၃ ခုနှစ်၊ ဇူလိုင် လ ၁ ရက်နေ့မှာ ပုသိမ်မြို့ မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ " နာရီပေါ်မှ မျက်ရည်စက်များ" ဆိုတဲ့ ပထမဆုံးတေးစီးရီးနဲ့ ဂီတမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံ ဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့အပါအဝင် သူ့ရဲ့ တေးသီချင်းပေါင်းများစွာကို လူကြိုက်များခဲ့ပါတယ်။

အဆိုတော် ထူးအိမ်သင်ဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်၊ နံနက် ၁၁း၄၀ နာရီမှာ ကွယ်လွန်ခဲ့ပြီး ဇနီး သွယ်သွယ်ထွေးနဲ့ သမီး မိကွန်ထော တို့ ကျန်ရစ် ခဲ့ ပါတယ်။

ရိုက်ကူး-စည်သူမောင်မောင်

Category

😹
Fun

Recommended