Skip to playerSkip to main content
  • 8 years ago
အမေရိကန် သမ္မတ စင်္ကာပူ ကို ရောက်ရှိ

ကင်ဂျုံအွန်း နဲ့ တွေ့ဆုံ ဆွေးနွေး ပွဲ ကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာလည်း စင်္ကာပူ နိုင်ငံ ကို ရောက်ရှိနေပါပြီ။

သမ္မတ ဒေါ်နယ် ထရမ့် စီးနင်း လိုက်ပါလာတဲ့ အဲယားဖို့ဒ် ဝမ်း လေယာဉ် ဟာ လာဗာ လေတပ် အခြေစိုက် စခန်းမှာ ဆင်းသက် ခဲ့တာ ဖြစ်ပါတယ်။
စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခရစ်ရှန်နန် က ကြိုဆို ခဲ့ပါတယ်။

ဒေါ်နယ် ထရမ့် က ရှန်ဂရီလာ ဟိုတယ်မှာ တည်းခိုမှာ ဖြစ်ပြီးတော့ ကင်ဂျုံအွန်း ကတော့ St regis ဟိုတယ်မှာ ရောက်ရှိနေထိုင်နေပါတယ်။

အစောပိုင်း အချိန်တုန်း ကစင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း နဲ့ ကင်ဂျုံအွန်း တို့ နှစ်ဦးဟာ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပြီးပါပြီ။

ဇွန်လ ၁၂ ရက်နေ့မှာ သမိုင်းဝင် ထိပ်သီး တွေ့ဆုံပွဲ ကို ဆန်တိုစာ ကျွန်းပေါ် က ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ကာပဲလား ဟိုတယ်မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း

Category

😹
Fun
Comments

Recommended