ဇနီးနှင့် မယားပါသမီးသုံးဦးကို သတ်မှု ဘိုကလေးမြို့နယ်မှာ ဖြစ်ပွား

  • 7 years ago
အရက်ဖိုးတောင်းရာက ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ခဲ့ပြီး ဇနီးနှင့် ဇနီးရဲ့ မယားပါသမီး သုံးဦးကို ဓါးနဲ့ ခုတ်သတ်မှု ဘိုကလေးမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

တနေ့က အောက်တိုဘာလ (၁)ရက်နေ့ ညဆယ့်တစ်နာရီကျော်ခန့်မှာ ဘိုကလေးမြို့နယ် ထရော်ချောင်းကျေးရွာအုပ်စု ခိုင်ရွှေဝါကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ လေးလောင်းပြိုင်လူသတ်မှုမှာ အသက် ၃၀ အရွယ် အမျိုးသမီးနဲ့ ၁၃နှစ်၊ ၁၂ နှစ် နဲ့ ၄ နှစ်အရွယ် ကလေးငယ် ၃ ဦး လုံးသေဆုံးခဲ့တာပါ။

အမှုဖြစ်ပွားတဲ့ ကျေးရွာဟာ ဘိုကလေးမြို့မ ရဲစခန်းပိုင် ဧရိယာမှာ ရှိပြီး ဘိုကလေးကနေ အဲဒီရွာကို စက်လှေဖြင့် ငါးနာရီဝန်းကျင်ခန့် သွားရတာလို့ သိရပါတယ်။ အမှုကျူးလွန်သူနှင့် သက်သေခံပစ္စည်းတွေကို သွားရောက်ဖမ်းဆီးခဲ့ပေမယ့် ခရီးဝေးတာကြောင့်ာက်တိုဘာလ ၂ရက် နေ့ ညနေ၆နာရီ ကျော်အချိန်အထိ ရဲစခန်းသို့ ရောက်ရှိခြင်း မရှိသေးဘူးလို့ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကနေ သိရပါတယ် ။

လေးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူ အသက်၃၆နှစ်အရွယ်ကို ဘိုကလေးမြို့မရဲစခန်းမှ (ပ)၂၂၉/၂၀၁၇၊ ရာဇ သတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှုးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ရုပ်သံသတင်းထောက်-သက်ဆွေ

Recommended