Skip to playerSkip to main content
  • 9 years ago
ပီရူးနိုင်ငံမှာ ဆန္ဒပြ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
ဩဂုတ် ၃၁ ရက်က လီမာမြို့တော်မှာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဆရာ၊ ဆရာမတွေက ဆန္ဒပြကြရာက အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ခိုက်ရန် ဖြစ်ပွားခဲ့တာပါ။ ရဲတွေက ချီတက်လာတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲရာက ပြဿနာ စတင်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။

ပီရူးမှာ စာသင်ခန်းတွေရဲ့ ဘက်ပေါင်းစုံ အခြေအနေ ယိုယွင်းလာမှုတွေအပြင် လုပ်ခလစာ မလောက်ငှမှုတွေကြောင့် နိုင်ငံရဲ့ အစိတ်အပိုင်း တချို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လီမာမြို့တော်က ဆရာ၊ ဆရာမတွေ ချီတက် ဆန္ဒပြချိန်မှာတော့ ရဲတပ်ဖွဲ့က တားဆီးဖို့ ကြိုးစားရင်း ပဋိပက္ခတွေ ပေါ်ပေါက်လာတာပါ။

ပီရူးသမ္မတ ပက်ဒရို ပက်ဘလို ကူဇင်စကီကတော့ ဆရာ၊ ဆရာမတွေကို သူ့အစိုးရ လက်ထက်မှာ လစာတစ်ကြိမ် တိုးမြှင့်ပေးပြီး ဖြစ်ကြောင်းနဲ့ နောက်တစ်ကြိမ် လစာတိုးတာကို နှစ်ကုန်ပိုင်းလောက်မှ မျှော်လင့်သင့်ကြောင်း ပြောပါတယ်။ ပြီးတော့ စာသင်ခန်းတွေဆီ ပြန်သွားဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာတော့ ဆရာ၊ ဆရာမတွေရဲ့ အခြေခံ အနိမ့်ဆုံး လစာကို ဆိုလက်စ် နှစ်ထောင်လောက်ထိ တိုးမြှင့်ပေးဖို့ စီစဉ်ထားကြောင်းလည်း သမ္မတက ဆိုပါတယ်။ အဲဒီပမာဏဟာ အမေရိကန်ဒေါ်လာ ၆၂၀ နီးပါးနဲ့ ညီမျှကြောင်းလည်း သိရှိရပါတယ်။

Category

🗞
News
Comments

Recommended