Samsung Galaxy Note 8 ကို ပွဲထုတ်မိတ်ဆက်

  • 7 years ago
Samsung က အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Samsung Galaxy Note 8 မိတ်ဆက်ပွဲ အခမ်းအနားကို ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာတော့ Samsung ရဲ့ တာဝန်ရှိသူတွေက Samsung Galaxy Note 8 ရဲ့ အချက်အလက်တွေကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

အဲ့ဒီ စမတ်ဖုန်းသစ်ကို မြန်မာငွေကျပ် ဆယ့်နှစ်သိန်းခုနှစ်သောင်းနဲ့ အောက်တိုဘာလ ၆ နေ့မှာစတင်ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။

အရောင်တွေကတော့ အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold)၊ မီးခိုးရောင် (Orchid Gray) သုံးမျိုး ထုတ်လုပ်ပေးထားတယ်လို့ သိရပါတယ်။

Pre-Order မှာယူလိုသူတွေ အနေနဲ့ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၇ ရက်အတွင်း စရံငွေ ကျပ်ငါးသောင်း ကြိုတင်ပေးသွင်းကာ မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကြိုတင်မှာယူသူတွေအနေနဲ့ အဲ့ဒီစမတ်ဖုန်းသစ်ကိုစက်တင်ဘာ ၃၀ ရက်နေ့နဲ့ အောက်တိုဘာ ၁ ရက်နေ့တွေမှာ ထုတ်ယူနိုင်မယ်လို့ သိရပြီး မြန်မာငွေကျပ် တစ်သိန်း ကျော်တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းတွေကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။