ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ မင်းဘူးတွင်ကျင်းပ
  • 7 years ago
ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲကို ဒီကနေ့ ဇွန်လ ၁၉ ရက်က မင်းဘူးမြို့မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။

မင်းဘူးမြို့က ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကို အမှတ်တရဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၂) နှစ်မြောက်မွေးနေ့မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးမျိုးမင်းက ပြောပါတယ်။

အဲဒီဖွင့်ပွဲကို မကွေးတိုင်းလွှတ်တော် ဒုဥက္ကဌနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာအရာရှိ ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေတတ်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကိုလည်း ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ စည်ကားစွာကျင်းပခဲ့ပါတယ်။


ရုပ်သံသတင်းထောက် - မိုးကျော်
Recommended