မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားတဲ့ လူပေါင်း ၃၀ ကိုဂါရဝပြုခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး
  • 7 years ago
ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ဟာ ဇွန်လ ၁၄ ရက်နေ့က လန်ဒန်အနောက်ပိုင်းက ဂရန်းဖဲလ်တာဝါ အဆောက်အဦး မီးလောင်ကျွမ်းမှုမှာ အသက်ဆုံးရှုံးခဲ့တဲ့ လူပေါင်း ၃၀ အတွက် စစ်သည် အင်အားများစွာနဲ့အတူ တစ်မိနစ်ခန့် ငြိမ်သက် ဂါရဝပြုခဲ့ပါတယ်။

အဆိုပါ လူနေတာဝါကြီးဟာ ဇွန် ၁၄ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဂရန်းဖဲလ်တာဝါ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အခင်းဖြစ်တဲ့ နေရာကို မီးသတ်ဝန်ထမ်း ၂၀၀ ကျော် လောက်က သွားရောက်မီးငြိမ်း သတ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်သည်အင်အားမြောက်မြားစွာက လန်ဒန်မြို့ကို ဘုရင်မကြီးရဲ့ ၉၁ နှစ်ပြည့်အထိန်း အမှတ်အနေနဲ့ လှည့်လည် ချီတက်ခဲ့ကြပါတယ်။ ဘုရင်မကြီးက သူ့ရဲ့တရားဝင် မွေးနေ့ဆုတောင်းအဖြစ် စစ်ဘေးနဲ့ မငြိမ်မသက်ဖြစ်နေတဲ့နိုင်ငံတွေ၊ နိုင်ငံရေး တိုက်ခိုက်မှုတွေ၊ ဗြိတိန်မှာဖြစ်ပွားခဲ့တဲ့ မီးဘေးအန္တရာယ်တွေအတွက် လွန်စွာပဲ ဝမ်းနည်း ညိုးငယ်ရပါတယ်လို့ပြောကြားခဲ့ပါတယ်။
Recommended