Reflection ဇာတ်ကားနဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင် ဘာပြောလဲ
  • 7 years ago
ဖက်ရှင်ပိုင်းနဲ့ အက်ရှင်ပိုင်းကို ဦးစားပေးပြီး နာမည်ရခေါင်းဆောင်မင်းသမီး လေးဦးနဲ့ ရိုက်ကူးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကား ကြန့်ကြာနေတဲ့အပေါ် အိန္ဒြာကျော်ဇင်က ရှင်းပြခဲ့ပါတယ်။ ပရိသတ်အတွက်အကောင်းဆုံးပေးချင်တာကြောင့် ကြန့်ကြာနေရတယ်လို့ ပြောခဲ့တာပါ။

Reflection ရုပ်ရှင်ဇာတ်ကားဟာ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ သုဒြာ ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ရရှိထားသလို Effect ထည့်သွင်းမှု၊ Edit ပိုင်းနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျမှုတွေကြောင့် အနည်းငယ်ကြန့်ကြာနေတာလို့ ပြောပါတယ်။

Reflection ဇာတ်ကားကို ဒါရိုက်တာလူမင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့ ပက်ထရီရှာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်
Recommended