မင်းဘူးမှာ ရှေးဟောင်းဘုရားတစ်ဆူပြိုကျ
  • 7 years ago
မကွေးတိုင်း မင်းဘူးမြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်းဘုရားတစ်ဆူဟာ ပြီးခဲ့တဲ့ ငလျင်ကြောင့် အက်ကြောင်းပဲရှိပေမယ့် မိုးရွာသွန်းမှုတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပြိုကျခဲ့ပါတယ်။ ဆုတောင်းပြည့်စေတီတော်ဟာ နိုဝင်ဘာ ၈ ရက်က ပြိုကျခဲ့တာဖြစ်ပြီး ရှေးလူကြီးတွေစကားတွေ အရ နှစ်ပေါင်း ၃၀၀ ကျော်ခဲ့ပြီလို့ သိရပါတယ်။ ပင်မစေတီတော် ပြိုကျပြီး ဌာပနာတော်ပွင့်သွားမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးမင်းမင်းစိုးဦးက
ပြောပါတယ်။ စေတီရဲ့ အနောက်ဘက်ခြမ်း ပြိုကျခဲ့တာဖြစ်ပြီး အရံစေတီနှစ်ဆူ မြေခခဲ့ရပါတယ်။ ဒေသခံတွေက ဘုရားကြီးဆက်ပြိုကျမသွားအောင် အမြန်ဆုံး ပြုပြင်ချင်ကြသလို ဒေသခံ ပရံဆရာတွေနဲ့ ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲတယ်လို့ တောင်သူ ဦးညွန်ဝင်းက ဆိုပါတယ်။ စေတီတော်ပြိုကျတာနဲ့ ပတ်သက်ပြီး မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ သာသနာရေး ဦးစီးဌာန တာဝန်ရှိသူတွေ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

(မကွေးသတင်းထောင်မိုးကျော် ရိုက်ကူးတင်ဆက်ထားပါတယ်)
Recommended