မြို့ထဲက လမ်းဘေးဈေးသည်တွေအတွက် သီးသန့်နေရာချဖို့ ပထမခြေလှမ်း
  • 7 years ago
ရန်ကုန်မြို့တွင်း မြို့နယ်လေးခုမှာရှိတဲ့ လမ်းဘေးဈေးသည်တွေကို နိုဝင်ဘာနောက်ဆုံးပတ်အတွင်းမှာ နေရာ ချထားပေးတော့မှာ ဖြစ်ပါတယ်။
ကျောက်တံတား၊ပန်းဘဲတန်း၊လသာ၊လမ်းမတော်စတဲ့ မြို့နယ်တွေက လမ်းဘေးဈေးသည်တွေကို နေရာချထားပေး တော့မှာဖြစ်ပါတယ်။
ပန်းဆိုးတန်းလမ်းအနီးရှိ ကမ်းနားလမ်းတစ်လျှောက်မှာ နေရာတွေ စီစဉ်ထားတာပါ။ ခုလိုနေရာချပေး ရာမှာ အကြမ်းဖျင်းအကွက်ချထားမှုအရ ဆိုင်ခန်းအရေအတွက်ဟာ မှတ်ပုံတင်ထားတဲ့ဆိုင်ခန်းအရေ အတွက်ထက် နည်းပါးနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကနဦးအနေနဲ့ အစားအသောက်ဆိုင်တွေနဲ့ သစ်သီးဆိုင်တွေကိုသာ ပြောင်းရွှေ့နေရာချထားမှာဖြစ်ပြီး ဈေးသည် ၁၆၀၀ ကျော်ကိုြေ ပာင်းရွှေ့ နေရာပေးနိုင်မှာပါ။ လက်ရှိမြို့တွင်း(၄)မြို့နယ်ထဲမှာ မှတ်ပုံတင်ထုတ်ပေးနေတာမှာတော့ လမ်းဘေးဈေးသည် ၆၀၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။ ပြောင်းရွှေ့မယ့်ဈေးသည်တွေကို မဲနှိုက်နေရာချထားမှာဖြစ်ပြီး ပြောင်းရွှေ့ရမယ့်ရက်မတိုင်ခင်မှာ လမ်းဘေးယာယီဈေးရောင်းချခွင့် သက်သေ ခံလက်မှတ်တွေ ထုတ်ပေးသွားမှာပါ။ ဈေးရောင်းချခွင့်ရရှိသူတွေကိုတော့ အရင်လိုဈေးကောက် ကောက်ခံခြင်းမပြုဘဲ မှတ်ပုံတင်ကြေးအဖြစ် တစ်နှစ်ကိုကျပ် ၅၀၀ သာပေးသွင်းစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့နယ်တွေအတွင်း အဓိကလမ်းပိတ်ဆို့တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊လမ်းမတော်လမ်းနဲ့ ဘုန်းကြီးလမ်းတို့မှာ လမ်းဘေးဈေးသည်တွေကို ဈေးေ ရာင်းချခွင့် လုံဝခွင့်မပြုတော့ဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသတင်းတွေအရသိရပါတယ်ခင်ဗျာ။

ရုပ်သံသတင်းထောက်- ဖိုးအောင်
Recommended