ရခိုင်အမျိုးသားပါတီရဲ့ မြို့မြို့နယ်ပေါင်းစုံ မျက်နှာစုံညီအစည်းအဝေး

  • 7 years ago
ရခိုင်မျိုးသားပါတီရဲ့ မြို့နယ်ပေါင်းစုံ မျက်နှာစုံညီအစည်းဝေးမှာ မြို့နယ် ၁၉ မြို့နယ်က ပါတီအခြေအနေအစီရင်ခံစာတွေကို ဖတ်ကြားတင်သွင်းခဲ့တယ်လို့ သိရပါတယ်၊၊ မြို့နယ်ပေါင်းစုံ မျက်နှာစုံညီအစည်းအဝေးကို မြောက်ဦးမြို့ နံ့သာကန်ဘုန်းတော်ကြီးကျောင်းမှာ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့တွေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်၊၊ အစည်းဝေးမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေထဲက အများပြည်သူ သိသင့်တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ပေးသွားမယ်လို့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်၊၊ ရခိုင်အမျိုးသားပါတီမှာ ပါတီဝင်ပေါင်း ခြောက်သောင်းခန့်ရှိတယ်လို့ သိရပါတယ်၊၊
(မောင်တောသတင်းထောက် မောင်ကံ ရိုက်ကူးတင်ဆက်ထားပါတယ်။)

Recommended