စာသင်ကျောင်း ၇ ကျောင်းမှာ ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်ဆောင်ရွက်
  • 7 years ago
ရန်ကုန်မြို့ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး အတွက် ပညာပေးလုပ်ငန်းတွေကို ရက်သတ္တပတ် သတ်မှတ်ပြီး စာသင်ကျောင်း ၇ ကျောင်းရှေ့တွေမှာ MORS အဖွဲ့က လုပ်ဆောင်နေပါတယ်။ ယာဉ်ကြောကြပ်တည်းမှုနဲ့ ယာဉ်မတော်တဆမှုတွေ အဖြစ် များလာတဲ့ ရန်ကုန်မြို့မှာ ယာဉ်မောင်းနှင်သူ၊ လမ်းလျှောက်သွားလာသူတွေ အားလုံးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ လိုက်နာဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ယာဉ်လမ်း အန္တရာယ် ကင်းရှင်းရေး ပညာပေး လုပ်ငန်း လုပ်ဆောင်ရာမှာ အစုအဖွဲ့ရှိရာ လမ်းမတွေပေါ်မှာ ဖြတ်သွားနေတဲ့ကားတွေကို ခေတ္တရပ်တန့်ပေးဖို့ ဖိတ်ခေါ်ပြီး လက်ကမ်းစာဆောင်ဝေခြင်းနဲ့ အခြား ပညာပေး လုပ်ဆောင်ချက်များ မျှဝေခြင်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Recommended