တရားမဝင်ရေနံလုပ်ကွက်တွေကို လိုင်စင်ထုတ်ပေးမယ်
  • 7 years ago
မြန်မာပြည် အနှံ့အပြားက တရားမ၀င် ခိုးတူးနေတဲ့ ရေနံလုပ်ကွက်တွေကို လိုင်စင်ထုတ်ပေးတော့မယ်လို့ သတင်းရရှိပါတယ်။ လိုင်စင်ကို အခမဲ့ထုတ်ပေးသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ဒီနေ့ ပြုလုပ်တဲ့ ၀န်ကြီးရုံး သတင်းစာရှင်လင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ရေနံချက်ဖို့နဲ့ ကုန်းတွင်းရေနံ ခိုးတူးပြီး လုပ်ကိုင်နေသူတွေကို ပထမဆုံးအကြိမ် လိုင်စင်ထုတ်ပေးမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရေနံချက်လုပ်ငန်း ၂၃၇ ဦးရှိပြီး ရေနံချက် လုပ်ငန်းတွေအတွက် ရေနံစိမ်း ကုန်ကြမ်း တူးဖော်ပေးနေတဲ့ တွင်းတိမ် (ပေတိမ်) လက်ယက်တွင်း တွေရှိတဲ့ ရေနံလုပ်ကွက်ပေါင်း ၅၃ ခု ရှိပါတယ်။

ရုပ်သံသတင်းထောက်- မောင်သင်တုန်း
Recommended