ZawGyi-
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္မွာ က်ဴးေက်ာ္ေနထိုင္သူဟု ယူဆရေသာသူမ်ားကို က်ဴးျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ျဖစ္ေသာ စမတ္ကဒ္မ်ားကို ထုတ္ေပးေနေၾကာင္း သိရသည္။
မဂၤလာဒံုၿမိဳ႕နယ္မွာ က်ဴးေက်ာ္ျဖစ္ေၾကာင္း စလစ္ ရရွိထားသူလူ ဦးေရ ၄၀၀၀ မွ ၅၀၀၀ ၾကား ရွိေနေၾကာင္း စမတ္ကဒ္ထုတ္ေပးေနတဲ႔အဖြဲ႕၏ အဖြဲ႕၄ ျပန္ၾကားေရးတာဝန္ခံ ေဒၚမိုးမိုးဝင္းက ေျပာသည္။
ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြက ထုတ္ေပးထားေသာ စလစ္မ်ားကို ယေန႔ (ဇြန္ ၂၁) မတ္ကဒ္မ်ားႏွင့္ လဲလွယ္ေပးေနျခင္း ျဖစ္သည္။
ဇြန္လ ၂၀ ကေန ယေန႔ (ဇြန္ ၂၁) ရက္အထိ ၂ ရက္ၾကာ လုပ္ေပးေနတာျဖစ္ၿပီး မျပည့္စံုပါက ရက္ထပ္တိုးလုပ္ေပးသြားမည္ဟု စမတ္ကဒ္ထုတ္ေပးေနတဲ႔အဖြဲ႕၏ အဖြဲ႕၄ ျပန္ၾကားေရးတာဝန္ခံ ေဒၚမိုးမိုးဝင္းက ေျပာသည္။
အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး မဂၤလာဒံုၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ ဦးထြန္းထြန္းဝင္း က "မဂၤလာဒံုမွာ ၃၂ ရပ္ကြက္ အဲ႔ထဲမွာဘယ္ေလာက္ပါမလဲဆိုတာေတာ့ အတိအက် မသိေသးဘူး" ဟု ေျပာဆိုသည္။
ရန္ကုန္တိုင္းအစိုးရက ဦးစီးၿပီးလုပ္ေဆာင္ေနတဲ႔ က်ဴးေက်ာ္ စမတ္ကဒ္ထုတ္ေပးေသာ လုပ္ငန္းစဥ္ကို အဖြဲ႕ ၈ ဖြဲ႕ခြဲကာ က်ဴးစရင္းေကာက္ယူ လုပ္ေဆာင္ေနျခင္း ျဖစ္သည္။
မဂၤလာဒံုတြင္ က်ဴးေက်ာ္ စမတ္ကဒ္ထုတ္ေပးၿပီးပါက လွည္းကူး၊ တိုက္ႀကီး ၊ ေမွာ္ဘီ ၿမိဳ႕နယ္မ်ားမွာ ထပ္ၿပီး စမတ္ကဒ္မ်ား ထုတ္ေပးရန္ က်န္ရိွေနေသးသည္။
Unicode-
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ကျူးကျော်နေထိုင်သူဟု ယူဆရသောသူများကို ကျူးဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်သော စမတ်ကဒ်များကို ထုတ်ပေးနေကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်မှာ ကျူးကျော်ဖြစ်ကြောင်း စလစ် ရရှိထားသူလူ ဦးရေ ၄၀၀၀ မှ ၅၀၀၀ ကြား ရှိနေကြောင်း စမတ်ကဒ်ထုတ်ပေးနေတဲ့အဖွဲ့၏ အဖွဲ့၄ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးဝင်းက ပြောသည်။
မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပေးထားသော စလစ်များကို ယနေ့ (ဇွန် ၂၁) မတ်ကဒ်များနှင့် လဲလှယ်ပေးနေခြင်း ဖြစ်သည်။
ဇွန်လ ၂၀ ကနေ ယနေ့ (ဇွန် ၂၁) ရက်အထိ ၂ ရက်ကြာ လုပ်ပေးနေတာဖြစ်ပြီး မပြည့်စုံပါက ရက်ထပ်တိုးလုပ်ပေးသွားမည်ဟု စမတ်ကဒ်ထုတ်ပေးနေတဲ့အဖွဲ့၏ အဖွဲ့၄ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးဝင်းက ပြောသည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်း က "မင်္ဂလာဒုံမှာ ၃၂ ရပ်ကွက် အဲ့ထဲမှာဘယ်လောက်ပါမလဲဆိုတာတော့ အတိအကျ မသိသေးဘူး" ဟု ပြောဆိုသည်။
ရန်ကုန်တိုင်းအစိုးရက ဦးစီးပြီးလုပ်ဆောင်နေတဲ့ ကျူးကျော် စမတ်ကဒ်ထုတ်ပေးသော လုပ်ငန်းစဉ်ကို အဖွဲ့ ၈ ဖွဲ့ခွဲကာ ကျူးစရင်းကောက်ယူ လုပ်ဆောင်နေခြင်း ဖြစ်သည်။
မင်္ဂလာဒုံတွင် ကျူးကျော် စမတ်ကဒ်ထုတ်ပေးပြီးပါက လှည်းကူး၊ တိုက်ကြီး ၊ မှော်ဘီ မြို့နယ်များမှာ ထပ်ပြီး စမတ်ကဒ်များ ထုတ်ပေးရန် ကျန်ရှိနေသေးသည်။