Skip to playerSkip to main contentSkip to footer
  • 6/20/2017
အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်၊ KNU\KNLA ငြိမ်းချမ်းရေးကောင်စီဟာ သူတို့ရဲ့ ရန်ကုန်မြို့မှာပထမဆုံးဖွင့်လှစ်လိုက်တဲ့ ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီအုပ်စုကနေပြီး မြို့ပြစီမံကိန်း၊ ဓာတ်သတ္တုရှာဖွေရေး၊ စိုက်ပျိုးရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို အစိုးရရဲ့ သဘောတူညီချက်မှုနဲ့အညီ အချိန်(၃)နှစ်အတွင်း အောင်မြင်အောင်လုပ်ဆောင်သွားတော့မည်ဟု သိရသည်။
ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီအုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး စောသြဂတ်က စိုက်ပျူိုးရေးကဏ္ဍအနေနှင့် ဘိန်းအစားထိုး မက်ကဒေးမီးယားသီးနှံတမျိုးကို ယင်းတို့၏ထိန်းချုပ်မှု ဒေသများတွင် ဧကပေါင်း(၃၀၀၀)အထိ စီးပွားဖြစ်စိုက်ပျိုးသွားမည်ဟု ပြောသည်။

ထိုမက်ကဒေးမီးယားသီးနှံသည် စားပင်တမျိုးဖြစ်ပြီး သံလွင်ဆီဈေးထက်ပင် ကမ္ဘာတွင် ဈေး(၂)ဆပိုပေါက်ဈေးရှိသည်ဟု၍လည်း ဒုတိယဗိုလ်မှူးကြီး စောသြဂတ်ကပြောသည်။

Category

🗞
News

Recommended