ဂျပန်လုပ် ကူးတို့ယာဉ် ၃ စင်း ရန်ကုန်တွင် ပြေးဆွဲမည်

  • 7 years ago
ဂျပန်နိုင်ငံလုပ် ကူးတို့ရေယာဉ်(၃)စင်းနဲ့ ပန်းဆိုးတန်း-ဒလရေလမ်းကြောင်းသွားလာရေးအတွက် အခုနှစ် နိုဝင်ဘာလလယ်မှာ စတင်ပြေးဆွဲသွားဖို့ရှိနေပါတယ်။
ဒီရေယာဉ်(၃)စင်းကို ဂျပန်နိုင်ငံအစိုးရရဲ့ အကူအညီနဲ့ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားခရိုင်၊ နာကာတာနီသင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဂျပန်နိုင်ငံကနေ အောက်တိုဘာလ (၁၉)ရက်ကနေထွက်ခွာလာခဲ့ပြီး လမ်းခရီး ကြန့်ကြာမှုမရှိဘူးဆိုရင် အောက်တိုဘာလအကုန်လောက်မှာ ရန်ကုန်ကို ရောက်ရှိလာမှာဖြစ်တယ်လို့ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးကပြောပြထားပါတယ်။
ဒီရေယာဉ်(၃)စင်းကို ချယ်ရီ-၁၊ ၂၊ ၃ လို့ နာမည်ပေးထားပြီး လက်ရှိပြေးဆွဲနေတဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ရေယာဉ်(၄)စင်းနဲ့အတူ တိုးချဲ့ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Recommended