Skip to playerSkip to main content
  • 9 years ago
အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီ ရဲ့ချေးငွေတွေနဲ့ တိုင်းဒေသကြီးလေးခုမှာ လျှပ်စစ်ဖြန့်ဖြူးတဲ့လုပ်ငန်းတွေ အဆင့်မြှင့်တင်တော့မှာဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ လျှပ်စစ်ဖြန့်ဖြူးတာတွေ အဆင့်မြှင့်တင်သွားမယ့်အကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအားဦးစီးဌာနက ပြောခဲ့တာပါ။
အေဒီဘီရဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကိုအသုံးပြုသွားမယ့် ဒီအစီအစဉ်အတွက် လျှပ်စစ်ကြိုးသွယ်ခြင်း၊ ဓါတ်အားကြိုး၊ ဓါတ်အားခွဲပစ္စည်းနဲ့ အိမ်သုံးမီတာတွေကို အသစ်လဲလှယ်သွားမှာဖြစ်ပါတယ်။ ဒီအတွက် အခုနှစ် ပွင့်လင်းရာသီကနေစပြီး လုပ်သွားမယ့်အကြောင်း ပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနကတော့ လာမယ့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးရဲ့ အိမ်ထောင်စု တ၀က်ကို လျှပ်စစ်သုံးစွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောထားပါတယ်။

Category

🗞
News
Comments

Recommended