ချင်းပြည်နယ်အတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးဆောင်ရွက်ချက်အနေနဲ့ အစိုးရက အစီအစဉ်တစ်ရပ်ကို အခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကနေ စတင်လိုက်ပါပြီ၊ ဒီအစီအစဉ်ကို ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာရှိတဲ့ နေပြည်ကျေးရွာမှာစတင်သွားမှာဖြစ်ပြီး အစိုးရကစမ်းသပ်မဲ့အစီအစဉ်ကတော့ နို့စားနွားမွေးမြူရေး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ဖို့ ငွေကြေးအကူအညီပေးသွားဖို့ဖြစ်တယ်လို့ သိရပါတယ်၊ ဒါပေမယ့် ဒေသခံတွေအနေနဲ့က ဒီအစီအစဉ်ဟာ သူတို့အတွက် စွန့်စားလုပ်ကိုင်ရမယ့်အခြေအနေမှာရှိနေတယ်လို့လည်း ပြောဆိုထားပါတယ်၊ သတင်းအပြည့်အစုံကို ကိုအောင်သူရက ပြောပြပေးမှာဖြစ်ပါတယ်။
Comments