Skip to playerSkip to main content
  • 9 years ago
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီငွေကြေးဝန်ဆောင်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ရေးနဲ့ ကောင်းမွန်တဲ့ ငွေကြေးဝန်ဆောင်မှုတွေလိုနေတာကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ ယူအိုဘီ ဘဏ်ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောခဲ့တာဖြစ်ပါတယ်။
အဲဒီလို ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ပိုပြီးအဆင့်မြင့်မြင့် ၀န်ဆောင်မှုပေးနိုင်ရေးအတွက်လည်း ပြည်တွင်းဘဏ်တွေနဲ့ နည်းပညာဖလှယ်မှုတွေ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိလည်း မြန်မာ့ဘဏ်လုပ်ငန်းအဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ နည်းပညာဖလှယ်ရေးဆွေးနွေးပွဲ ၁၀ ခုအထိ လုပ်ဆောင်ပြီးဖြစ်ကြောင်းကိုလည်း ယူအိုဘီ ဘဏ်က ထုတ်ပြန်ထားပါတယ်။

Category

🗞
News
Comments

Recommended