ZawGyi -
MPT ဆင္းကဒ္အသံုးျပဳသူ သန္း ၂၀ခန္႔ရွိရာမွ တစ္ႏွစ္အတြင္း အသံုးျပဳသူ ၃ သန္းတိုးလာၿပီး ၂၃သန္းရွိၿပီျဖစ္ေၾကာင္း MPT ၏ အက်ိဳးတူပူးေပါင္းေဆာင္ရြက္မႈ စီးပြားေရးဌာနမွ ဒုတိယအရာရွိခ်ဳပ္ ဦးသိန္းဟုတ္က ေျပာဆိုလိုက္သည္။
ရန္ကုန္ၿမိဳ႕ ပတ္ရြိဳင္ရယ္ဟုိတယ္တြင္ ယေန႔ (ဇြန္ ၁၉) ျပဳလုပ္သည့္ 4G စနစ္ LTE+ ၀န္ေဆာင္မႈကို စတင္မိတ္ဆက္သည့္ အခမ္းအနားတြင္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
၂၀၁၄ စက္တင္ဘာလတြင္ MPT အသံုးျပဳသူ ၆ သန္းခန္႔၊ ၂၀၁၅ ဇန္နဝါရီတြင္ ၁၁ သန္း၊ ၂၀၁၆ ေမလတြင္ သန္း၂၀ ႏွင့္ လက္ရွိအခ်ိန္ထိ ၂၃ သန္းခန္႔အသံုးျပဳေနျခင္းျဖစ္ေၾကာင္း ယေန႔ျပဳလုပ္သည့္ အခမ္းအနားမွ သိရသည္။
“ခုခ်ိန္ထိဆိုရင္ လြန္ခဲ့တဲ့ ၂၀၁၄ ကေန ျပန္ၾကည့္လိုက္ရင္ ၁၀ ေလာက္ တိုးတတ္လာပါတယ္" ဟု ဦးသိန္းဟုတ္ကေျပာဆိုသည္။
MPT သည္ ဇြန္လ ၁၉ရက္က လက္ရွိအသံုးျပဳေနသည့္ 3G ဆင္းကဒ္အစား 4G ဆင္းကဒ္ကိုစတင္မိတ္ဆက္ခဲ့ျပီး 4G အသံုးျပဳသူမ်ားအေနျဖင့္ အင္တာနက္အျမန္ႏႈန္း ၂ ဆခန္႔ပိုမိုျမန္ဆန္လာမည္ဟုလည္း ဆုိသည္။
သို႔ေသာ္ အဆိုပါ 4G အဆင့္ အင္တာနက္အျမန္ႏႈန္းကို ေနျပည္ေတာ္၊ ရန္ကုန္တုိင္းႏွင့္ မႏၱေလးတိုင္းတို႔ရွိ ၿမိဳ႕နယ္ (၄၇) ၿမိဳ႕နယ္တြင္သာ လက္ရွိ အသံုးျပဳႏိုင္ေသးေၾကာင္းသိရသည္။
ၾသဂုတ္လတြင္ ၿမိဳ႕ႀကီး ၂၀ ေက်ာ္ႏွင့္ စက္တင္ဘာလတြင္ တိုင္းႏွင့္ျပည္နယ္အားလံုးရွိ ၿမိဳ႕ႀကီး ၃၀ ေက်ာ္၌ အဆိုပါ 4G ကြန္ယက္ LTE+ Network ကိုအသံုးျပဳႏိုင္မည္ဟု ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။
ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း MPT သည္ ၂၀၁၄ ခုႏွစ္မွစတင္ကာ ဂ်ပန္ႏိုင္ငံမွ KDDI ေကာ္ပိုေရးရွင္း၊ Sumitomo ေကာ္ပိုေရးရွင္းတို႔ႏွင့္ ပူးေပါင္းခဲ့ၿပီး အဆိုပါ ဂ်ပန္ႏိုင္ငံကုမၸဏီမ်ားမွ ကန္ေဒၚလာ ၂ ဘီလီယံ ရင္းႏွီးျမဳပ္ႏွံထားသည္။
Unicode -
MPT ဆင်းကဒ်အသုံးပြုသူ သန်း ၂၀ခန့်ရှိရာမှ တစ်နှစ်အတွင်း အသုံးပြုသူ ၃ သန်းတိုးလာပြီး ၂၃သန်းရှိပြီဖြစ်ကြောင်း MPT ၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှု စီးပွားရေးဌာနမှ ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ ပတ်ရွိုင်ရယ်ဟိုတယ်တွင် ယနေ့ (ဇွန် ၁၉) ပြုလုပ်သည့် 4G စနစ် LTE+ ၀န်ဆောင်မှုကို စတင်မိတ်ဆက်သည့် အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
၂၀၁၄ စက်တင်ဘာလတွင် MPT အသုံးပြုသူ ၆ သန်းခန့်၊ ၂၀၁၅ ဇန်နဝါရီတွင် ၁၁ သန်း၊ ၂၀၁၆ မေလတွင် သန်း၂၀ နှင့် လက်ရှိအချိန်ထိ ၂၃ သန်းခန့်အသုံးပြုနေခြင်းဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် အခမ်းအနားမှ သိရသည်။
“ခုချိန်ထိဆိုရင် လွန်ခဲ့တဲ့ ၂၀၁၄ ကနေ ပြန်ကြည့်လိုက်ရင် ၁၀ လောက် တိုးတတ်လာပါတယ်" ဟု ဦးသိန်းဟုတ်ကပြောဆိုသည်။
MPT သည် ဇွန်လ ၁၉ရက်က လက်ရှိအသုံးပြုနေသည့် 3G ဆင်းကဒ်အစား 4G ဆင်းကဒ်ကိုစတင်မိတ်ဆက်ခဲ့ပြီး 4G အသုံးပြုသူများအနေဖြင့် အင်တာနက်အမြန်နှုန်း ၂ ဆခန့်ပိုမိုမြန်ဆန်လာမည်ဟုလည်း ဆိုသည်။
သို့သော် အဆိုပါ 4G အဆင့် အင်တာနက်အမြန်နှုန်းကို နေပြည်တော်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် (၄၇) မြို့နယ်တွင်သာ လက်ရှိ အသုံးပြုနိုင်သေးကြောင်းသိရသည်။
သြဂုတ်လတွင် မြို့ကြီး ၂၀ ကျော်နှင့် စက်တင်ဘာလတွင် တိုင်းနှင့်ပြည်နယ်အားလုံးရှိ မြို့ကြီး ၃၀ ကျော်၌ အဆိုပါ 4G ကွန်ယက် LTE+ Network ကိုအသုံးပြုနိုင်မည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် ၂၀၁၄ ခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံမှ KDDI ကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်းခဲ့ပြီး အဆိုပါ ဂျပန်နိုင်ငံကုမ္ပဏီများမှ ကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြုပ်နှံထားသည်။
Comments