Skip to playerSkip to main contentSkip to footer
  • 8 years ago
_ ဒီနှစ်က မတ်ပဲဈေးကွက်အတွက် ထူးခြားတဲ့နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်၊ ဟင်္သာတဈေးကွက်မှာ ဆိုရင်တော့ မတ်ပဲတစ်တင်းကိုတော့ ငွေကျပ် ငါးသောင်းကျော်နဲ့ အရောင်းအ၀ယ်ဖြစ်တယ်လို့ သိရပြီး ဒါဟာ မတ်ပဲ သမိုင်းမှာ အမြင့်ဆုံးဈေးရတာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပဲ၊နှမ်းအသင်းဥက္ကဌက ပြောဆိုထားပါတယ်၊ ရန်ကုန်ဈေးကွက်အသိုင်းအ၀ိုင်းကလည်း မတ်ပဲနဲ့အတူ ပဲဇင်းငုံဈေးလည်း တော်တော်လေးကို ကောင်းခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်အတွင်း ဈေးကောင်းရတာဖြစ်တယ်လို့ ပြောပါတယ်၊ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်မြင့်တက်လာ တဲ့အပေါ်မှာ ဒီလိုမျိုးဈေးနှုန်းတွေရောက်လာရတာကိုတော့ မဇ္ဈိမသတင်းထောက် မထက်ထက်အောင်က စုစည်း တင်ပြထားပါတယ်။

Category

🗞
News

Recommended