Skip to playerSkip to main content
  • 9 years ago
ကျွန်းကိုလှမ်းမျှော်ကြည့်လိုက်ရင် ဒီရေတောတွေဟာ ကမ်းစပ်မှာ မိန်းမလှလှကြီးတွေ တန်းစီပြီးရပ်နေသလို လှပဝေဆာနေတာကြောင့် ဒီကျွန်းကို မိန်းမလှကျွန်းလို့ခေါ်ကြသတဲ့။ ဒီနေရာမှာတော့ နတ်ကိုးကွယ်ယုံကြည်မှုမှာ ထင်ရှားလှတဲ့ ရေငန်ပိုင်ဦးရှင်ကြီးဟာ ယနေ့ချိန်တိုင် အသက်ရှင်လျက်ရှိနေတယ်လို့ ယုံကြည်ကြတယ်။ မော်တော်ဦးမှာ ကန်တော့ပွဲပေးပြီး ဦးရှင်ကြီးကို ကန်တော့ရင် မိကျောင်းပေါ်လာတတ်တယ်လို့လည်း ဆိုကြတယ်။ ဒါပေမဲ့ Tasty Trip အဖွဲ့သားတွေကတော့ မော်တော်ဦးမှာ ဘာကန်တော့ပွဲမှ မပေးပဲ မိန်းမလှကျွန်းတခွင် မိကျောင်းရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။

#MizzimaMediaPresents

Category

🗞
News
Comments

Recommended