Skip to playerSkip to main content
  • 9 years ago
ဂုံးကောက်တယ်ဆိုတာကို ခရုကောက်တယ်လို့လည်း ပြောတယ်။ ပင်လယ်ရေထဲမှာ ကိုယ်တစ်ဝက်လောက်စိမ်ပြီး သဲပြင်ကို လက်နဲ့စမ်းပြီးကောက်တာပါ။ တချို့ကတော့ သောင်ခုံပေါ်မှာကောက်တယ်။ တချို့ကတော့ ရေတိမ်တိမ်ထဲမှာကောက်တယ်။ တချို့ကတော့ ရေနက်တဲ့ဘက်မှာ ရေငုပ်ပြီး ဂုံးကောက်ကြတယ်။ ဒီနေရာမှာ အလုပ်တွေရှားလာလို့ ဂုံးကောက်သူတွေ ပိုများလာရတယ်လို့ ဆိုကြတယ်။ ဒါကတော့ ကမ်းခြေ၀န်းကျင်မှာ ငွေရှာကြတာပါ။ ကမ်းနဲ့ခပ်ဝေးဝေး ပင်လယ်ရေပြင်ထဲမှာတော့ စန္ဒားလို့ခေါ်တဲ့ ငါးဖမ်းနည်းနဲ့ ငါးရှာသူတွေရှိတယ်။ စန္ဒားဆိုတာကလည်း ဒီနေရာမှာပဲ တွေ့နိုင်တော့တယ်လို့ ဆိုတယ်။ ရှေးရိုးနည်းအတိုင်း ငါးဖမ်းတာကြတာပါ။

Category

🗞
News
Comments

Recommended