TASTY TRIP _ ထားဝယ်ရိုးရာသပိတ်မျှောပွဲ
  • 7 years ago
ထားဝယ်ရိုးရာသပိတ်မျှောပွဲဆိုတာကတော့ သီတင်းကျွတ်လပြည့်နေ့တိုင်း မပျက်မကွက်လုပ်လေ့ရှိတဲ့ ပွဲတစ်ခုပါ။ သီတင်းကျွတ်လပြည့်နေ့ထဲ စတင်ဝင်ရောက်လာချိန် နံနက်စောစော ၁ နာရီလောက်ကစလို့ ထားဝယ်မြစ်ပြင်ပေါ်မှာ မီးရောင်တလက်လက်နဲ့ သပိတ်တွေကို စတင်မြင်နေရပါပြီ။ နံနက်ဝေလီဝေလင်းအချိန်ထိ တစ်ဦးချင်းစီ စနစ်တကျနဲ့သပိတ်တွေ မျှောကြပါတယ်။ အဲ့ဒီညလေးကို Tasty Trip အဖွဲ့သားတွေက တစ်ညလုံးမအိပ်ပဲ မှတ်တမ်းတင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
Recommended