Skip to playerSkip to main content
  • 9 years ago
သီချင်းခွေတွေ ခိုးကူးဖြန့်ချီတာရပ်ဖို့ မြန်မာနိုင်ငံဂီတအနုပညာရှင်တွေက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေတစ်ဆင့် ပရိသတ်ကို လှုံဆော် တိုက်တွန်းနေတာ ပါ။ ဒါကို မြင်ရဖန်များလို့ ပရိသတ်တွေလည်း အလွတ်တောင် ရနေကြပါပြီ။မူပိုင်ခွင့် ချိုးဖောက်ခံရမှု ကာကွယ်တာဆီးရေးပူးပေါင်းကော်မတီ ဥက္ကဌဖြစ်သူကတော့ အဆိုတော် အတော်များများက ကော်ပီသီချင်းတွေ ဆိုပြီး ကိုယ့်ရဲ့သီချင်းတွေ ခိုးကူးခံရမှာ စိုးတာဟာ မမျှတဘူးလို့ သတင်းထဲမှာ ဝေဖန်ထားပါတယ်။ တစ်ခါ အမျိုးသမီးလူငယ်အဆိုတော် အမွန်းကို သတင်းအတွက် ရိုက်ကူးမေးမြန်းတဲ့အခါ သူမအနေနဲ့ ခိုးကူးခွေတွေကို တိုက်ဖျက်ချင်ပြီး ဆက်ပြောတာက အဲဒိခိုးကူးခွေတွေကြောင့် သူမတို့လို အနုပညာရှင်တွေကို တစ်နိုင်ငံလုံးက သိရှိစေခဲ့တယ်လို့လည်း ဖြေကြားထားပါတယ်။
သတင်းအပြည့်အစုံကိုတော့ မရှုမ၀အောင်က တင်ဆက်ထားပါတယ်။

Category

🗞
News
Comments

Recommended