Skip to playerSkip to main content
  • 9 years ago
ဟီတန်ဟိုတယ်နဲ့ စီမံခန့်ခွဲရေးလုပ်ငန်းက ၂၀၁၇ရဲ့ ပထမ နှစ်ဝက်မှာ ပြည်တွင်းဝန်ထမ်း ၂၀၀ကျော်ကို ခန့်အပ်သွားမယ်လို့ သိရပါတယ်။ အဲဒိဝန်ထမ်းတွေကို ဟီတန် အနေနဲ့ နောက်ထပ်အသစ်ဖွင့်လှစ်သွားမယ့် ဟိုတယ် အသစ်တွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဟီတန်ရဲ့ မြန်မာပြည်ဆိုင်ရာ အထွေထွေမန်နေဂျာဖြစ်သူ ဟယ်လင် ရာကို ဘီ က MRTV စီးပွားရေးသတင်းကို ပြောပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်ဟီတန်အနေနဲ့ ပြည်တွင်းက ဧဒင်ဟိုတယ် လုပ်ငန်းအောက်မှာ ရှိတဲ့ ဟိုတယ်တွေကို အရင်အစိုးရ လက်ထက် ကနေစပြီး စီမံခန့်ခွဲမှုတွေပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဟီတန်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ လည်ပတ်နေတဲ့ ဟိုတယ်တွေဖြစ်တဲ့ ဟီတန် နေပြည်တော် နဲ့ ဟီတန် ငပလီ တို့မှာ ဝန်ထမ်းပေါင်း ၃၆၀ ကို ခန့်ထားပြီးလည်းဖြစ်ပါတယ်။ ဟီတန်အနေနဲ့ နေပြည်တော်နဲ့ ငပလီအပြင် မန္တလေး၊ ပုဂံ ရန်ကုန်နဲ့ အင်းလေးဒေသတို့ မှာ နောက်ထပ် ဟိုတယ်တွေကို ဆက်လက်ဖွင့်လှစ်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ အထွေထွေမန်နေဂျာဖြစ်သူ ဟယ်လင် ရာကိုဘီက အခုလို ပြောပြထားပါတယ်

Category

🗞
News
Comments

Recommended