Skip to playerSkip to main content
  • 9 years ago
အခုပြောပြချင်တာက ၂၀၁၇ ခုနှစ် နှစ်အစမှာ ဆူးတောင် အ၀ါရောင်ရှိတဲ့ တူနာ ငါးတွေကို မြန်မာ့ပင်လယ် ပြင်မှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ဒီလိုမျိုး ဖမ်းဆီးရမိတာဟာ ပထမဦးဆုံး ဖြစ်ပြီး သိပ်ကို ထူးခြားဆန်းကျယ် တယ်လို့ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းရဲ့ ဒု ဥက္ကဌဖြစ်သူ ဦးကျော်နိုင်က ပြောပါတယ်။ အဲဒိ ဆူးတောင် အ၀ါရောင် တူနာငါးတွေကို ဇန်န၀ါရီလ ၆ ရက်နေ့ တနင်္သာရီကွေ့နဲ့ ဧရာဝတီကွေ့တွေမှာ ဖမ်းဆီးရရှိခဲ့ တာဖြစ်ပြီးတော့ ၄ ပေအရွယ်ရှိတဲ့ တူနာငါး တွေကို ဖမ်းမိတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ငါးပိသာအလေးချိန်ရှိတဲ့ အဲဒိ တူနားငါး တစ်ကောင်စ နှစ်ကောင်စ လောက်သာ ဖမ်းဆီးရရှိခဲ့ဖူးပေမယ့် အခုတစ်ကြိမ် ဖမ်းဆီးရရှိတာက အုံနဲ့ ကျင်းနဲ့ အများအပြား ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။ အခု ဖမ်းမိထားတဲ့ တူနာငါးတစ်ကောင်ရဲ့ အကြီးဆုံးအလေးချိန်ဆိုရင် အချိန် ပိသာချိန် ၂၀ ကျော်လောက်ရှိပြီး လက်ရှိအချိန်အထိ ဖမ်းဆီးမိထားတဲ့ တန်ချိန်က ပိသာချိန် ခြောက်သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။ (အပြည့်အစုံကြည့်ရန်- ရုပ်သံသို့သွားပါ)

Category

🗞
News
Comments

Recommended