တညင်းကုန်း သီးနှံ ဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေးကြီး ဖေဖော်ဝါရီတွင် ဖွင့်လှစ်ဖို့ရှိနေ

  • 7 years ago
မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် လက်ကားဈေးသစ်ကြီးတစ်ခုကတော့ အင်းစိန်မြို့နယ်မှာ ရုပ်လုံးပေါ်လာဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ ဈေးရုံ တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော်လောက် ပြီးစီးနေပြီး ဖေဖော်ဝါရီလထဲမှာ အချို့ ဈေးဆိုင်ခန်းတွေကို ကနဦး ဖွင့်လှစ်သွားဖို့ ရှိနေတယ်လို့ အဲဒိ ဈေးသစ်ကြီးကို တာဝန်ယူတည်ဆောက်နေတဲ့ မြန်မာအက်ဂရိုအိတ်ချိန်းအများပိုင်လီမိတက်-MAEX ဘက်က ပြောဆိုထားပါတယ်။ ဆိုတော့ အဲဒိဈေးသစ်ကြီးနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို တင်ပြပေးဖို့ ရှိနေပါတယ်။ ကိုအောင်သူရ ပြောပြထား တဲ့ တညင်းကုန်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နဲ့ ပန်းမန် အဆင့်မြင့်လက်ကားဈေးသစ် အကြောင်းမှာ ရှုစားရမှာဖြစ် ပါတယ်

Recommended