TASTY TRIP: ရှိမ်းမကားမှ မင်းတုန်းမင်း၏ ကျောင်းတော်

  • 7 years ago
မင်းဝံတောင်တန်းပေါ်က မင်းတုန်းမင်းရဲ့ ကျောင်းတော်ရောက်ဖို့ ရွှေဘိုမြို့ရဲ့ အရှေ့တောင်ဘက်ဆီ ခရီးနှင်ခဲ့ပါတယ်။ တောအုပ်အလယ်စောင်းတန်းက ကျောင်းတော်ဝင်ပေါက်ကို ညွှန်ထားသလိုပါ။ သစ်ရွက်တွေပေါ် နင်းလျှောက်တဲ့ ခြေသံကလွဲရင် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်။ သူတော်ကောင်းတွေ နားခိုရာက အေးချမ်းခြင်းအပြည့်ပါ။
လှေကားမြင့်မြင့်ကြီးတွေနဲ့ အုတ်ကျောင်းတွေက မူလဘူတ ရွှေကျင်ဆရာတော်ကြီးအတွက် မင်းတုန်းမင်းတရားကြီးရဲ့ ကောင်းမှုတွေပါ။
ဒီနေရာက ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ထဲက ရှိမ်းမကားရွာလေးမှာ ရှိနေတာပါ။

Recommended