Skip to playerSkip to main content
  • 9 years ago
ဘဏ်ခွဲ ၃၂ ခု ဖွင့်လှစ်ထား ပြီးဖြစ်တဲ့ ပထမပုဂ္ဂလိကဘဏ်လီမိတက်ဟာ အခု ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ရန်ကုန်စတော့အိတ်ချိန်းရဲ့ စတုတ္ထမြောက် စာရင်းဝင် အများပိုင်ကုမ္ပဏီလီမိတက်အဖြစ် ရှယ်ယာအရောင်းအ၀ယ်တွေ စတင်လိုက်ပြီဖြစ်ပါတယ်။ ပထမနေ့ အဖွင့်ဈေး ကို ကျပ် သုံးသောင်းကိုးထောင်(၃၉၀၀၀) နဲ့ အစုရှယ်ယာ တစ်စု အပေါ်မှာ အရောင်းအ၀ယ် ပြုလုပ်မှာဖြစ်ပါတယ်။ ပထမနေ့အတွက် ဈေးနှုန်း အတက်အကျအနေနဲ့ အမြင့်ဆုံးဈေး ကျပ် လေးသောင်းလေးထောင် (၄၄၀၀၀) …အနိမ့်ဈေး ကျပ် သုံးသောင်းလေးထောင် (၃၄၀၀၀) ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်စတော့အိတ်ချိန်းမှာ FMI ကုမ္ပဏီလီမိတက်၊ မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် လီမိတက် ၊ မြန်မာနိုင်ငံသားများဘဏ် နဲ့ ပထမပုဂ္ဂလိက ဘဏ် စတဲ့ အများ ပိုင်ကုမ္ပဏီ ၄ ခု ဟာ ရှယ်ယာအရောင်းအ၀ယ်တွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended