Skip to playerSkip to main content
  • 9 years ago
မြေပဲပင်ရဲ့ မူရင်းဒေသကတော့ ဘရာဇီးနိုင်ငံကပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြေပဲကိုတော့ ပင်ထောင်နဲ့ ပင်ဖြတ်ဆိုပြီးတော့ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ပင်ထောင်ကတော့ အပင်ရော အကိုင်းတက်များပါ ထောင်ပြီးတော့ ပေါက်ရောက်တက်ပါတယ်။ အသီးတွေကတော့ ပင်ခြေမှာ စုပြုံပြီးတော့ သီးတက်ပြီးတော့ သေးငယ်ကြပါတယ်။ အခွံပါးပြီးတော့ အစေ့အဆံ ပြည့်ဝကြပါတယ်။ ပင်ဖြတ်မျိုးကတော့ ပင်ဆီသာ ထောင်မတ်ပြီး အကိုင်းအခက်များက တွားသွားကြပါတယ်။ အကိုင်းအခက်များတစ်လျှောက် မြေနဲ့ထိနေတဲ့ နေရာတိုင်းမှာ အသီးသီးကြပါတယ်။ သက်တမ်းကတော့ ၅ လကနေ ၆ လအထိ ရှိကြပါတယ်။ မြေပဲပင်ကတော့ အပူပိုင်း သမရာသီဥတုကို ကြိုက်နှစ်သက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆီထွက်သီးနှံ့အဖြစ် မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ စိုက်ပျိုးကြတာပဲ ဖြစ်ပါတယ်။ မြေပဲပင်ကို ကနေဒါနိုင်ငံကနေပြီးတော့ တောင်အမေရိကတိုက်၊ အာဂျင်တီးနားတို့အထိ စိုက်ပျိုးကြတာပဲ ဖြစ်ပါတယ်။ အာရှအလယ်ပိုင်း ဒေသတွေမှာလည်း ဖြစ်ထွန်းကြပါတယ်။ မြေပဲပင်ဟာ ငယ်စဉ်ကာလနဲ့ အပွင့်ပွင့်ချိန် ကာလတွေမှာ နေရောင်ခြည်ရရှိမှု နည်းသည်ဖြစ်စေ တိမ်ဖုံးမှုအချိန် များလျင်ဖြစ်စေ အသီးဖြစ်ထွန်းမှု နည်းတက်ပါတယ်။ အထွက်နှုန်းလည်း လျော့နည်းတက်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ထက် နိမ့်တဲ့နေရာတွေမှာ ဖြစ်ထွန်းပြီးတော့ ၃၅၀၀ ထက် မြင့်တဲနေရာတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ အပင်ဖြစ်ထွန်းမှု ဖြစ်ပေမယ့် အစေ့များက သေးငယ်သွားတက်ပြီး ဆီထွက်နှုန်း နည်းသွားတက်ပါတယ်။ မြေပဲပင်ဟာ ရေမဝပ်တဲ့ သဲဆန်တဲ့ နှုန်းမြေများမှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ မြေပဲပင်စိုက်နိုင်မယ့် တစ်နှစ်ပတ်လုံး မိုးရေချိန်ကတော့ ၃၅ လက်မကနေ ၄၅ လက်မအထိပဲ ဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended