• 9 years ago
ကြက်သွန်ကတော့ အအေးကြိုက် သီးနှံ့ပင်ပဲ ဖြစ်ပါတယ်။ နှစ်ရှည်သီးနှံ့ပင်ဖြစ်ပြီး နှစ်ခြင်း စိုက်ပျိုး ရိတ်သိမ်းနိုင်ပါတယ်။ ဥနဲ့ အမြိတ်ကိုသာ စားသုံးရပြီးတော့ အပင်ရဲ့ အမြင့်ကတော့ ၄ လက်မကနေ ၂၄ လက်မအထိ ရှိပါတယ်။ အကျယ်ကတော့ ၁ လက်မကနေ ၅ လက်မအထိ ကျယ်ပါတယ်။ ကြက်သွန်ကိုတော့ မီးဖိုချောင်သုံး သီးနှံ့အဖြစ်လည်ကောင်း၊ ဆေးဖက်ဝင် သီးနှံ့အဖြစ်လည်ကောင်း၊ အသုံးပြုကြပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်ခန့်က စတင်စိုက်ပျိုးခဲ့တာပဲ ဖြစ်ပြီးတော့ အိန္ဒိယ၊ အီဂျစ်၊ အီတလီနိုင်ငံများကတော့ ရှေ့ဟောင်း ယဉ်ကျေးမှုတွေမှာ အလေးထားခဲ့ကြပါတယ်။

Category

🗞
News

Recommended