Skip to playerSkip to main content
  • 9 years ago
အမေရိကန်ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ ဒီဘိုး နစ်(ဇ) ဒေါ့(ဖ) ဟာ မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍမှာ ၀န်ဆောင်မှုတွေ ပေးဖို့ ပြည်တွင်းမှာ ရုံးခွဲတစ်ခု ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍအနေနဲ့ နိုင်ငံရဲ့ ဘဏ်လုပ်ငန်း ငွေပေး ချေမှုကဏ္ဍမှာလိုအပ်တဲ့ နည်းပညာနဲ့ ၀န်ဆောင်မှုတွေကို ပေးအပ်ဖို့ဖြစ်တယ်လို့ ဒီဘိုး နစ်(ဇ) ဒေါ့(ဖ) ရဲ့ မြန်မာပြည်ဆိုင် ရာ မန်နေဂျာက ပြောပါတယ်။ လက်ရှိအချိန်မှာ ဒီးဘိုး နစ်(ဇ) ဒေါ့(ဖ) အနေနဲ့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးပေါင်း ထားပြီး သူတို့ရဲ့ဝန်ဆောင်မှုနဲ့ နည်းပညာထောက်ပံ့မှုတွေက လက်လီဘဏ်လုပ်ငန်းတွေကို ဦးတည်ထားတာဖြစ် တယ်။ ကုမ္ပဏီအနေနဲ့ ပြည်တွင်း ဈေးကွက်ဝေစု ၇၀ ရာခိုင်နှုန်းအထိ ရရှိထားပြီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Category

🗞
News
Comments

Recommended