Skip to playerSkip to main content
  • 9 years ago
မြန်မာနိုင်ငံရဲ့ ရေရှည် မေခရိုစီးပွားရေးတည်ငြိမ်ဖို့ အစိုးရအနေနဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို စဉ်ဆက်မပြတ် ထိန်းသိမ်းလုပ်ကိုင်သွားရမှာဖြစ်ပြီး အသုံးစားရိတ် စီစဉ်မှုတွေကို စည်းကမ်းတကျ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ဘဏ်က အကြံပြုထားပါတယ်။ ဒါကို ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကုန်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်ခြင်း အစီရင်ခံစာမှာ ဖော်ပြထား တာပါ။ ဒါ့အပြင် လက်ရှိအစိုးရရဲ့ လုပ်ဆောင် လျက်ရှိနေတဲ့ အခွန်ငွေ စည်းကြပ်တဲ့ လုပ်ငန်းတွေကနေ ပြည် တွင်းကနေရရှိမယ့် ၀င်ငွေတွေကို အရှိန်မြှင့်တင်ရမယ်လို့ လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
တစ်ဘက်မှာလည်း ပုဂ္ဂိလ ကဏ္ဍ တွေထဲမှာ ငွေကြေးဖွံ့ဖြိုးတိုးတက်ဖို့ လျင်လျင်မြန်မြန် ဖြစ်ပေါ်လာခြင်း မရှိ သေးဘဲ ဒါဟာ သိပ်ကို အရေးကြီးနေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

Category

🗞
News
Comments

Recommended