မတ်ပဲ စိုက်ပျိုးရေး

  • 7 years ago
မတ်ပဲကတော့ အစေ့အပေါ်မှာ မူတည်ပြီး သုံးမျိုး ခွဲခြားနိုင်ပါတယ်။ အစိမ်းပုပ်ရောင်၊ အညိုဖျော့ရောင်နဲ့ အညိုရင့်ရောင် မတ်ပဲတို့ ဖြစ်ပါတယ်။

မတ်ပဲဟာ မြေသားအနည်းအငယ် သဲဆန်တဲ့မြေမျိုးကနေ ရွံ့စေးဆန်တဲ့ မြေမျိုးအထိ စိုက်ပျိုးနိုင်ပါတယ်။ တောင်ပေါ်ရော မြေပြန့်ပါ စိုက်ပျိုးနိုင်ပါတယ်။

မတ်ပဲစိုက်ပျိုးရန်အတွက် ထယ် တစ်စပ်နှစ်စပ် ၊ ထွန် တစ်စပ်နှစ်စပ် ဝင်ပြီးမှ ကျဲပက်၍သော်လည်ကောင်း အတန်းလိုက်၍သော်လည်ကောင်း စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးချိန်မှာ မူတည်ပြီးတော့ မိုးဦးစိုက် မတ်ပဲနဲ့ မိုးနှောင်းစိုက် မတ်ပဲဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ မိုးဦးစိုက်မှာတော့ တစ်ပင်နဲ့တစ်ပင်ကို တစ်ပေခန့် ခွာထားရပြီး မိုးနှောင်းစိုက်မှာတော့ ခြောက်လက်မခန့် ခွာပြီးတော့ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

Recommended