Skip to playerSkip to main content
  • 9 years ago
ရန်ကုန်စတော့ အိတ်ချိန်းပေါ်မှာ ရှယ်ယာတင်ရောင်းချနေတဲ့ ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI ရဲ့ နေ့စဉ်ရှယ်ယာအရောင်းအ၀ယ်ဈေးနှုန်းကျဆင်းနေတာနဲ့ ပတ်သတ်ပြီး ၀ယ်ယူသူတွေဟာ ကုမ္ပဏီအကြောင်းကို သေချာမသိဘဲ ၀ယ်ယူတာဖြစ်တာကြောင့် အောင်မြင်မှုမရှိနိုင်ဘူးလို့ FMI ကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဌဖြစ်သူ မစ္စတာ ဆာ့(ဂျ)ပန် ခေါ် ဦးသိမ်းဝေက ပြောဆိုထားပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ပထမဆုံး ရှယ်ယာတင်ရောင်းချနိုင်တဲ့ ကုမ္ပဏီ ဖြစ်လာတဲ့ FMI ရဲ့ အမြင့်ဆုံးဈေးဟာ ၄၁၀၀၀ (လေးသောင်းတစ်ထောင်) ကျပ် အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျပ် ၁၃၅၀၀-၁၄၀၀၀-၁၅၀၀၀ ကျပ် မှာပဲ တ၀ဲလည်လည် ဖြစ်နေတာပါ။
သတင်းအပြည့်အစုံ-ရုပ်သံတွင် ကြည့်ပါ။

Category

🗞
News
Comments

Recommended