Skip to playerSkip to main content
  • 9 years ago
ဈေးကွက်ထဲမှာ ၉၀ ရာခိုင်နှုန်းကျော်နေရာယူနေတဲ့ ဂျပန်တွေနဲ့ အပြိုင် ရောင်းချဖို့အတွက် အမေရိကန်၊ အာရှနဲ့ ဥရောပ နိုင်ငံတွေဘက်က Brand New ကားသစ်တွေဟာဆိုရင်လည်း လွန်ခဲ့တဲ့ အချိန် ၆ နှစ်ကျော်ကနေ ဒီနေ့ အချိန်အထိ အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချလာကြပါတယ်။ အခုလထဲမှာ ဆွီဒင်နိုင်ငံထုတ် Volvo အမှတ်တံ ဆိပ်ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ရောင်းချဖို့ စိုင်းပြင်းလျက်ရှိနေပြီးတော့ ဆွီဒင် Volvo အနေနဲ့ ဈေးကွက်ဝယ်လက် အင်အား ကောင်းတဲ့ တစ်ပတ်ရစ် ဂျပန်ကားတွေကို ဘယ်လို ယှဉ်ပြိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဒီအကြောင်းကို မရှုမ၀အောင်က တင်ပြထားတာကို အခုပဲ ရှုစားရမှာဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended