Skip to player
Skip to main content
Skip to footer
Search
Connect
Watch fullscreen
Like
Bookmark
Share
Add to Playlist
Report
ဆင်ဆာကြောင့် မြန်မာဇာတ်ကားများ အရည်အသွေးနိမ့်ကျနေရသည်ဟု ပြော
Mizzima TV
Follow
8 years ago
မြန်မာဇာတ်ကားများရိုက်ကူးရာတွင် ဆင်ဆာဖြတ်တောက်မှုကြောင့် အနုပညာဖန်တီးမှုများတွင် အဆင်မပြေမှု ဖြစ်ရပြီး အရည်အသွေးနိမ့်ကျနေရသည်ဟု “မြန်မာပေါကားများရပ်” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်နေသည့် ဟာသသရုပ်ဆောင် ခင်လှိုင်က ပြောသည်။
မြန်မာ့ရုပ်ရှင်လောကအတွက် ဆင်ဆာသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု ပြောခဲ့ပြီး “ဆင်ဆာက ဇာတ်လမ်းပေါင်းစုံကို ဖျက်စီးစေတယ်၊ ပျက်စီးစေတယ်။ ဥပမာဆိုပါစို့ အချိတ်အဆက်ပေါ့ဗျာ Scene နံပါတ် (၅)ကို ဖျက်လိုက်ပြီဆိုရင် Scene နံပါတ် (၄) နဲ့ (၆) က အချိတ်အဆက် ပျက်သွားတာပေါ့။ အလယ်က (၅) ပျောက်သွားတော့ ဇာတ်လမ်းကအချိတ်အဆက်မမိဘဲ ပျက်သွားတာပေါ့” ဟု ဟာသသရုပ်ဆောင် ခင်လှိုင်က ပြောသည်။
မြန်မာဇာတ်လမ်းများနှင့် ပတ်သက်၍ “မြန်မာပေါကားများရပ်”ဆိုသည့် Event တစ်ခုပြုလုပ်ခဲ့ပြီးနောက် ဇာတ်လမ်းများအပေါ် ပရိသတ်က ဝေဖန်ခဲ့ကြသည်။
ယခု အဆိုပါနာမည်ဖြင့် ဒါရိုက်တာမိုက်တီးက ရုပ်ရှင်ကားရိုက်ခဲ့ပြီး ယင်းဇာတ်ကားတွင် မြန်မာ့ရုပ်ရှင်လောက၏ အတွင်းရေးနှင့် အခက်အခဲများကို ပရိသတ်သိအောင် ဟာသဖြင့် သရော်ပြီး ဇာတ်အိမ်ဖွဲ့တင်ပြထားသည်ဟု ဆိုသည်။
“မြန်မာပေါကားများရပ်” ရုပ်ရှင်ဇာတ်ကားကြီးသည် အွန်လိုင်းပေါ်က မြန်မာပေါကားများရပ်ဆိုပြီး ဝေဖန်နေသည့်လှုပ်ရှားမှုများ၏ သက်ရောက်မှုတစ်ခုဖြစ်သည်ဟု ဟာသသရုပ်ဆောင် ကျော်ထူးက ပြောဆိုလိုက်သည်။
ထို့ပြင် ဆင်ဆာတွေသည်လည်း အကြောင်းတစ်ချက်အပါအဝင်ဖြစ်သည် ဟု ဟာသသရုပ်ဆောင် ကျော်ထူးကပြောသည်။
“ဥပမာ ဇာတ်ဝင်ခန်းအရ မြို့လည်ခေါင်မှာ ဝိုင်းဖမ်းကြမယ်။ ထိုးကြမယ် ကြိတ်ကြမယ်။ ဒါပေမယ့် ဆင်ဆာက ခွင့်မပြုဘူး။ သူတို့တွေမှာ စည်းကမ်းဥပဒေတွေက အများကြီးရှိတယ်။ လက်သီးသုံးချက်ထက် ပိုမထိုးရတာတို့၊ မင်းမဲ့စရိုက်ဆန်တာတို့ ထိန်းချုပ်ထားတော့ လွတ်လပ်မှုလည်းမရှိဘူး။ ဘောင်ထဲက ရိုက်နေရတာ မြန်မာကားတွေက” ဟု ဟာသသရုပ်ဆောင် ကျော်ထူးကပြောသည်။
“မြန်မာပေါကားများရပ်”ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့က စတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းနှင့် ဇာတ်ညွှန်းကို ဂေါက်ကြီးက ရေးသားထားပြီး အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်၊ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရသည်။
Category
🗞
News
Recommended
50:34
|
Up next
K Soe Lay သီချင်းများစုစည်း 12 ပုဒ် - K စိုးလေး Myanmar Songs
Tai Numkhur(1)
1 year ago
9:13
မေလ ၁၂ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းများ
NP News
1 year ago
46:56
ဒေါ်အောင်ဆန်းစုကြည် လွတ်ဖို့ NUG ဘက်တော်သားတွေရဲ့ ကြိုးစားပုံ ကြိုးစားနည်း ၊ ရှမ်းမြောက်ငြိမ်းချမ်းရေးအတွက် လှုပ်ရှားလာတဲ့ တရုတ်သံအမတ် ၊ တပ်မတော်နေ့နဲ့ ဆက်စပ်တဲ့ သုံးသပ်ချက်အချို့ (၂၈-၃-၂ဝ၂၄)
NP News
1 year ago
6:45
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
NP News
2 years ago
1:31
ဒါရိုက်တာ တစ်ယောက်ရဲ့ လိင်အမြတ်ထုတ်မှု ခံခဲ့ရဖူးတယ်လို့ ဖွင့်ဟခဲ့တဲ့ အက်ဇ်ရာမီလာနိုဝင်ဘာ - ၈ ၊၂၀၁၈ ငယ်ဘဝတုန်းက ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်
hot ဗီဒီယိုမြား
7 years ago
2:21
ဖြူ ဖြူ ထွေးရုပ်ရှင်ဇာတ်ကားကြီးရိုက်နေပြီမတ် - ၂၄၊ ၂၀၁၈လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ဖြူဖြူထွေးက သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီပြေတီဦး၊ မနော၊ အက
hot ဗီဒီယိုများ
7 years ago
3:00
အစားအစာ မျိုးစုံ ရောင်းချတဲ့ စားသောက်ဆိုင်
Mizzima TV
6 years ago
2:48
ကိုဂျင်မီ၏ အကျဉ်းထောင်ကျစဉ် ရေးစပ်သီဆိုခဲ့သော သီချင်းများပါဝင်သည့် “အအေးမိတဲ့နေ့”
Mizzima TV
6 years ago
1:43
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်မြေငှားခအနေဖြင့် ကျပ်ငွေ ၁၉၂ သန်းကျော် ပိုမိုရရှိခဲ့
Mizzima TV
6 years ago
14:21
ဇန်နဝါရီ ၁၃ ရက် မဇ္ဈိမ တီဗီ
Mizzima TV
6 years ago
2:02
ပလက်ဝဒေသခံ ၁၃၀ကို ဖမ်းဆီးထားခြင်းမရှိကြောင်းAA ငြင်းဆို
Mizzima TV
6 years ago
1:40
အမေရိကန်တို့တပ်စွဲထားသည့် အီရတ်လေတပ်စခန်းသို့ ဒုံးကျည် ၈ စင်း ကျရောက်
Mizzima TV
6 years ago
1:38
ဗြိတိန်သံအမတ်ကြီးကို အီရန်ယာယီ ဖမ်းဆီး၊ သံရုံးရှေ့ အလံကို မီးရှို့ဆန္ဒပြမှုများ ဖြစ်ပွား
Mizzima TV
6 years ago
1:06
ဖိလစ်ပိုင်တွင် မီးတောင်ရှင်တစ်ခုမှ မီးခိုးပြာများမှုတ်ထုတ်
Mizzima TV
6 years ago
1:12
ဂျပန်ဘီလျှံနာသူဌေးကြီး အာကာသခရီးအတူထွက်ရန် ရည်းစားရှာပုံတော် ဖွင့်
Mizzima TV
6 years ago
2:03
အီရန် စီးပွားရေးလုပ်ငန်းများနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဆန်ရှင်များချမှတ်သွားမည်ဟု အိမ်ဖြူတော် ထုတ်ပြန်
Mizzima TV
6 years ago
14:32
ဇန်နဝါရီ ၁၁ ရက် မဇ္ဈိမ တီဗီ
Mizzima TV
6 years ago
2:17
ရက်ကန်း ဒီဇိုင်းနှင့်ပက်သက်ပြီး မူပိုင်ခွင့်မရှိခြင်းကြောင့် လုပ်ငန်းရှင်များဒီဇိုင်းသစ် ထုတ်ရန် စိတ်ပူ
Mizzima TV
6 years ago
1:38
မက္ကဆီကိုတွင် ၁၁ နှစ်အရွယ်ကျောင်းသားမှ သေနတ်ဖြင့်ပစ်ခတ်ရာ ၎င်းအပါအဝင် ၂ ဦးသေ ၆ ဦးဒဏ်ရာရ
Mizzima TV
6 years ago
0:54
‘လီဗာပူးလ်ကို အနိုင်ရမယ်လို့ မယုံဘူးဆိုရင် ထွက်သွားကြ’လို့ သတင်းထောက်တွေကို နောက်ပြောင်သွားတဲ့ မော်ရင်ဟို
Mizzima TV
6 years ago
2:18
ကချင်ပြည်နယ်နေ့မှာ မနောအကကို ထည့်သွင်းကျင်းပမည်
Mizzima TV
6 years ago
3:23
နိုင်ငံ့ဝန်ထမ်းတွေကို အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပြုခြင်
Mizzima TV
6 years ago
1:27
ကင်ဂျုံအန်းအား တောင်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မွန်းဂျေအင်းတိုက်တွန်း
Mizzima TV
6 years ago
1:29
အီရတ်မှ တပ်ဖွဲ့ဝင်များ ထွက်ခွါရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ငြင်းဆို
Mizzima TV
6 years ago
1:22
နောက်ထပ်အပူလှိုင်းမကျရောက်မီ တောမီးများထိန်းချုပ်နိုင်ရန် မီးသတ်သမားများကြိုးပမ်း
Mizzima TV
6 years ago