Skip to player
Skip to main content
Search
Connect
Watch fullscreen
Like
Bookmark
Share
More
Add to Playlist
Report
“တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ ၏အခန်းကဏ္ဍ” အမည်ရှိ Facebook စာမျက်နှာ ကို စပြီးဖွင့်လှစ်
Mizzima TV
Follow
8 years ago
တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် “တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ၏အခန်းကဏ္ဍ” အမည်ရှိ Facebook စာမျက်နှာ ကို ယနေ့က စပြီးဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ယင်း Facebook စာမျက်နှာကို သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ဂီတအစည်း အရုံးတို့ပူးပေါင်းပြီး ဖွင်လှစ်ထားခြင်းဖြစ်သည်။
Facebook သည် မြန်မာပြည်သူများအကြား အသုံးပြုမှုများသည့် လူမှုကွန်ယက်တစ်ခုဖြစ်သည့်အတွက် ယင်းကို အသုံးချပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ တရားဥပဒေစိုမိုးရေးအတွက် ပြည်သူများ သိသင့်သိထိုက်သည့် ကိစ္စရပ်များကို အသိပေးနိုင်နိုင်ရန် ပညာပေးဇာတ်လမ်းများ ရိုက်ကူးတင်ဆက် သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။
“ကျွန်တော်တို့နိုင်ငံမှာ ဥပဒေပေါင်း (၁၃၀၆) ခု ရှိတယ်ဆိုတော့ ပြည်သူတွေလည်း အကုန်မသိနိုင်ဘူး။ သက် ဆိုင်ရာဝန်ကြီးဌာနတွေတောင်မှပဲ သူတို့နဲ့သက်ဆိုင်တဲ့ဥပဒေတွေ ဘယ်လိုအနေအထားရှိတယ်ဆိုတာတောင် မသိတဲ့အနေအထားဖြစ်တယ်လို့ ခုနက ကော်မရှင်ကပုဂ္ဂိုလ်က ပြောသွားတော့ ပြည်သူတွေနဲ့ ဥပဒေတွေ ဘယ်လောက်ကင်းကွာသလဲဆိုတာ သိသာပါတယ်။ အဲဒါလေးကို ပြည်သူတွေ သိသွားအောင် နီးစပ်သွား အောင် ကျွန်တော်တို့က ဆောင်ရွက်တာပါ။ ပြည်သူတွေ သွားရင်းလာရင်း သိသွားရအောင်ပေါ့။” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။
တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် အစိုးရက အဓိကတာဝန်ရှိသလို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ များကလည်း ဝိုင်းဝန်ကူညီရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ဆိုသည်။ ထို့အပြင် ယင်း Facebook Page တွင် ပြည်သူများ သိလိုသမျှမေးခွန်းများကို ကော်မရှင်ကတာဝန်ယူ ဖြေကြားပေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောသည်။
“မေးလာတဲ့မေးခွန်းတွေကို ဥပဒေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေကို လွယ်ကူထိရောက်စွာနဲ့ ပြည်သူတွေ အကျိုးရှိအောင် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။” ဟု ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောသည်။
“တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ၏အခန်းကဏ္ဍ” Facebook စာမျက်နှာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမတွင် ကျင်းပခဲ့ပြီး သူရဦးရွှေမန်းက ဥယျောဇဉ် ပေးပို့ခဲ့သည်။
Category
🗞
News
Be the first to comment
Add your comment
Recommended
50:57
|
Up next
အိန္ဒိယ-မြန်မာ ၊ တရုတ်-မြန်မာ ၊ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးဆွေးနွေးပွဲတွေက ဘာကိုရည်ညွှန်းနေလဲ ၊ Facebok မရှိရင် NUG လည်း မရှိတော့ပါ (၂-၇-၂ဝ၂၃)
NP News
2 years ago
5:12
မျိုးကြီး - လေပြည် (Myo Gyi)
Legacy Music
6 years ago
3:34
ရွှေထူး - အမုန်းပင် (Shwe Htoo)
Legacy Music
6 years ago
3:53
ဟဲလေး - ကျောင်း (He' Lay)
Legacy Music
6 years ago
2:21
ဖြူ ဖြူ ထွေးရုပ်ရှင်ဇာတ်ကားကြီးရိုက်နေပြီမတ် - ၂၄၊ ၂၀၁၈လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ဖြူဖြူထွေးက သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီပြေတီဦး၊ မနော၊ အက
hot ဗီဒီယိုများ
8 years ago
3:00
အစားအစာ မျိုးစုံ ရောင်းချတဲ့ စားသောက်ဆိုင်
Mizzima TV
6 years ago
2:48
ကိုဂျင်မီ၏ အကျဉ်းထောင်ကျစဉ် ရေးစပ်သီဆိုခဲ့သော သီချင်းများပါဝင်သည့် “အအေးမိတဲ့နေ့”
Mizzima TV
6 years ago
1:43
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်မြေငှားခအနေဖြင့် ကျပ်ငွေ ၁၉၂ သန်းကျော် ပိုမိုရရှိခဲ့
Mizzima TV
6 years ago
14:21
ဇန်နဝါရီ ၁၃ ရက် မဇ္ဈိမ တီဗီ
Mizzima TV
6 years ago
2:02
ပလက်ဝဒေသခံ ၁၃၀ကို ဖမ်းဆီးထားခြင်းမရှိကြောင်းAA ငြင်းဆို
Mizzima TV
6 years ago
1:40
အမေရိကန်တို့တပ်စွဲထားသည့် အီရတ်လေတပ်စခန်းသို့ ဒုံးကျည် ၈ စင်း ကျရောက်
Mizzima TV
6 years ago
1:38
ဗြိတိန်သံအမတ်ကြီးကို အီရန်ယာယီ ဖမ်းဆီး၊ သံရုံးရှေ့ အလံကို မီးရှို့ဆန္ဒပြမှုများ ဖြစ်ပွား
Mizzima TV
6 years ago
1:06
ဖိလစ်ပိုင်တွင် မီးတောင်ရှင်တစ်ခုမှ မီးခိုးပြာများမှုတ်ထုတ်
Mizzima TV
6 years ago
1:12
ဂျပန်ဘီလျှံနာသူဌေးကြီး အာကာသခရီးအတူထွက်ရန် ရည်းစားရှာပုံတော် ဖွင့်
Mizzima TV
6 years ago
2:03
အီရန် စီးပွားရေးလုပ်ငန်းများနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဆန်ရှင်များချမှတ်သွားမည်ဟု အိမ်ဖြူတော် ထုတ်ပြန်
Mizzima TV
6 years ago
14:32
ဇန်နဝါရီ ၁၁ ရက် မဇ္ဈိမ တီဗီ
Mizzima TV
6 years ago
2:17
ရက်ကန်း ဒီဇိုင်းနှင့်ပက်သက်ပြီး မူပိုင်ခွင့်မရှိခြင်းကြောင့် လုပ်ငန်းရှင်များဒီဇိုင်းသစ် ထုတ်ရန် စိတ်ပူ
Mizzima TV
6 years ago
1:38
မက္ကဆီကိုတွင် ၁၁ နှစ်အရွယ်ကျောင်းသားမှ သေနတ်ဖြင့်ပစ်ခတ်ရာ ၎င်းအပါအဝင် ၂ ဦးသေ ၆ ဦးဒဏ်ရာရ
Mizzima TV
6 years ago
0:54
‘လီဗာပူးလ်ကို အနိုင်ရမယ်လို့ မယုံဘူးဆိုရင် ထွက်သွားကြ’လို့ သတင်းထောက်တွေကို နောက်ပြောင်သွားတဲ့ မော်ရင်ဟို
Mizzima TV
6 years ago
2:18
ကချင်ပြည်နယ်နေ့မှာ မနောအကကို ထည့်သွင်းကျင်းပမည်
Mizzima TV
6 years ago
3:23
နိုင်ငံ့ဝန်ထမ်းတွေကို အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပြုခြင်
Mizzima TV
6 years ago
1:27
ကင်ဂျုံအန်းအား တောင်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မွန်းဂျေအင်းတိုက်တွန်း
Mizzima TV
6 years ago
1:29
အီရတ်မှ တပ်ဖွဲ့ဝင်များ ထွက်ခွါရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ငြင်းဆို
Mizzima TV
6 years ago
1:22
နောက်ထပ်အပူလှိုင်းမကျရောက်မီ တောမီးများထိန်းချုပ်နိုင်ရန် မီးသတ်သမားများကြိုးပမ်း
Mizzima TV
6 years ago
2:22
၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ်အလယ်တွင် ကျင်းပနိုင်ရေး ကြိုးပမ်းမည်
Mizzima TV
6 years ago
Be the first to comment