Skip to playerSkip to main content
  • 9 years ago
ပြည်တွင်းထိပ်တန်း အိမ်ခြံမြေနဲ့ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မစ္စတာ ဆာ့(ဂျ) ပန် ခေါ် ဦးသိမ်းဝေက စင်ကာပူစတော့ အိတ်ချိန်းမှာ ဒုတိယမြောက်အများပိုင်ကုမ္ပဏီလီမိတက်တစ်ခု တည်ထောင်ပြီး ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်မယ်ဆိုတဲ့ အကြောင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က အများပြည်သူအရှေ့မှာ အရိပ်အမြွတ်ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာနဲ့ ပတ်သတ်တဲ့ တိကျတဲ့ သတင်းအချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပါဘူး။
မစ္စတာ ဆာ့(ဂျ)ပန်အနေနဲ့ သူပိုင်ဆိုင်တဲ့ ရိုးမမဟာဦးပိုင်ကုမ္ပဏီလီမိတက်ကို စင်ကာပူစတော့အိတ်ချိန်းမှာ စာရင်းတင် ထားရှယ်ယာအရောင်းအ၀ယ်ပြုလုပ်နေတာဖြစ်ပြီး အခု ဒုတိယမြောက် လုပ်ကိုင်မယ့် အများပိုင်ကုမ္ပဏီကိုလည်း ခရီးသွား လုပ်ငန်းကဏ္ဍကနေ အစွံထုတ်လုပ်ကိုင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါကိုတော့ မြန်မာပြည်က သူပိုင်တဲ့ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI နဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုပြီး လည်း သိရပါတယ်။
မစ္စတာ ဆာ့(ဂျ)ပန် အနေနဲ့ ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ထင်ရှားတဲ့ ခရီးသွားလုပ်ငန်း အနေနဲ့ ချင်းတွင်းဟိုးဒင်းလီမိတက်ရဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် Balloons over Bagan အမည်နဲ့ ပုဂံဒေသမီးပုံးပျံခရီးစဉ် လုပ်ငန်းကိုလည်း ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ မစ္စတာ ဆာ့(ဂျ) ပန် အနေနဲ့ စင်ကာပူစတော့အိတ်ချိန်းရဲ့ ဒုတိယ မြောက် စာရင်းဝင်ကုမ္ပဏီကို အခု ၂၀၁၇ ခုနှစ်ထဲမှာ တည်ထောင်သွားမယ်လို့လည်း သိရပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended